သီးလေးသီးမှ ပန်းသီး နုတ်ထွက်တော့မည်
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၁၂၊ ၂၀၁၃
မိုးမခ။ ။ ကိုပန်းသီးရေ ဘယ်လိုကြောင့် နုတ်ထွက်တယ်ဆိုတာ သိပါရစေ။
ပန်းသီး။ ။ သီးလေးသီးဆိုတဲ့ နာမည် ကိုဇာဂနာပေးပြီး အနုပညာလောကကို ချီတက်လာခဲ့တာ (၁၀) နှစ်လောက်ရှိပါပြီ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ပန်းသီးဆိုတဲ့ အသီးတသီး ... အများကြီးမပေးဆပ်ပေမဲ့ အတိုင်းတာတခုအတွက် တာဝန်ကျေခဲ့ပါတယ်.. အခုချိန်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဘို့  သီးလေးသီးက နုတ်ထွက်ခဲ့တာပါ။
မိုးမခ။ ။ သီးလေးသီးအဖွဲ့ က နုတ်ထွက်သွားပီဆိုတော့ အငြိမ့်ကတာတို့ ၊ ကားရိုက်တဲ့ကိစ္စ တွေကျတော့ အတူတွဲမလုပ်တော့ဘူးလား ...။
ပန်းသီး။ ။ အငြိမ့်ပဲဖြစ်ဖြစ် ကားရိုက်ပဲဖြစ်ဖြစ် အနုပညာကိစ္စတွေကိုတော့ သီးလေးသီးနာမည်နဲ့ လာငှားရင် လုပ်မှာပါ။ `ဧည့်သည် အသီးတသီးအေ နနဲ့ ပေါ့။ နုတ်ထွက်တယ်ဆိုတာက အဖွဲ့ အစည်းအတွင်းကပါ။ အနုပညာအလုပ်တွေကိုတော့ အဆင်ပြေသလို ဆက်လုပ်ဦးမှာပါ။
မိုးမခ ။ ။ ကိုဇာဂနာကကော ကိုပန်းသီးနုတ်ထွက်တာကို သဘောတူလား။
ပန်းသီး ။ ။ ကျနော် ကိုသူရကို အီးမေးလ်တော့ပို့လိုက်ပါတယ်။ အခု ကိစ္စကိုပါစပ်ကို ပြောမထွက်ဘူးလေ..။ သူကတော့ သဘောတူမှာမဟုတ်ပါဘူး။ သူ အရမ်းချ စ်တဲ့ သားတပည့်တွေပဲလေ..။ ကျနော်ကလဲ ဆုံးဖြတ်ချက်ကို မပြင်ချင်ဘူး။ ကိုကြီး ထိုးထိုးရိုက်ရိုက် ကျနော်ခံမှာပါ။ တနေ့ ကျရင်တော့ ကျနော်ကိုနားလည်မယ်ထင်ပါတယ်။
မိုးမခ ။ ။ ကိုပန်းသီးက သီးလေးသီးက နုတ်ထွက်ပြီး ဘယ်လိုအနုပညာအလုပ်တွေ ဆက်လုပ်မှာ လဲဗျ။
ပန်းသီး။ ။ ရုပ်ရှင်ရိုက်တဲ့တွေကို ပိုပြီး လုပ်ဖြစ်မယ်ထင်တယ်။ သီးလေးသီးအငြိမ့်ပွဲတွေခေါ်ရင် ကမယ်။ အခြားအဆင်ပြေတဲ့သူတွေနဲ့ လဲ တွဲကမယ်။ အဓီကက တကိုယ်တော်ဟာသရှိုးတွေ လုပ်ဘို့  ပြင်ဆင်နေပါတယ်။
မိုးမခ ။ ။ သီးလေးသီးအဖွဲ့ သားတွေကို ဘယ်လိုမြင်ပါသလဲ
ပန်းသီး။ ။ အားလုံးကလူတော်တွေပါ ရိုးလဲရိုးသားကြပါတယ်..အခုလိုဆုံးဖြတ်ရတာလဲ တကယ် ၀မ်းနည်းမိပါတယ်။ သီးလေးသီး အဖွဲ့ ကြီးအတွက် အဝေးကနေ တာဝန်ကျေအောင် သစ္စာရှိရှိ ကြိုးစားသွားမှာပါ။
မိုးမခ ။ ။ ကိုဇာဂနာကို ဘာပြောချင်လဲဗျ
ပန်းသီး ။ ။ ကိုသူရဟာ ကျနော်ရဲ့ ဖခင်လဲပြောလို့ ရပါတယ် ကျနော်မှာငယ်ငယ်ကတဲကအဖေ မရှိဘူးဆိုတော့ အဖေအစားရသလိုပါဘဲ။ ကိုဇာဂနာကြော င့် သီးလေးသီး ဖြစ်လာတာပါ ကျေးဇူးဘယ်တော့မှ မကန်းပါဘူး..ကိုဇာဂနာရဲ့ ကျေးဇူးတွေကို ပါးစပ်က မဆပ်ချင်ပါဘူး။ အနုပညာနဲ့ ဘဲ ဆပ်ချင်ပါတယ်။ ကျနော်ရဲ့စိတ် ဓါတ်ကို ကိုသူရ အသိဆုံးပါ။ အခုလိုနုတ်ထွက်တာလဲ ကိုဇာဂနာနဲ့ ဘာပြဿနာမှမရှိပါဘူး..ကျနော်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ် ချက်ပါ။
မိုးမခ ။ ။ ပရိတ်သတ်ကြီးကို ဘာပြောချင်ပါသလဲ...
ပန်းသီး ။ ။ ပန်းသီးက သီးလေးသီးက ထွက်သွားပေမဲ့ သီးလေးသီးမပြိုကွဲပါဘူး။ သီးလေး သီး အနပညာလုပ်ငန်းတွေမှာ ဆက်မြင်တွေ့ရအုံးမှာပါ..ပရိသတ်အတွက် အရင်ထက်ပိုပြီး အနုပညာနဲ့ ပေးဆပ်သွားမှာပါ။ ကျနော်အညာသား ပါ စကားသိပ်မပြောချင်ပါဘူး။ ပရိတ်သတ်ကို အလုပ်နဲ့ သက်သေပြချင်ပါတယ်..။ ။
(ဓာတ်ပုံ - ၂၀၁၁ နိုဝင်ဘာမှာ ပြည်တော်ပြန်လာတဲ့ သီးလေးသီးနဲ့ ကိုဇာဂနာ၊ လေဆိပ်မှာ)
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၁၂၊ ၂၀၁၃
မိုးမခ။ ။ ကိုပန်းသီးရေ ဘယ်လိုကြောင့် နုတ်ထွက်တယ်ဆိုတာ
ပန်းသီး။ ။ သီးလေးသီးဆိုတဲ့ နာမည် ကိုဇာဂနာပေးပြီး အနုပညာလောကကို ချီတက်လာခဲ့တာ (၁၀) နှစ်လောက်ရှိပါပြီ။ တိုင်းပြည်နဲ့ လူမျိုးအတွက် ပန်းသီးဆိုတဲ့ အသီးတသီး ... အများကြီးမပေးဆပ်ပေမဲ့ အတိုင်းတာတခုအတွက် တာဝန်ကျေခဲ့ပါတယ်.. အခုချိန်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဘို့  သီးလေးသီးက နုတ်ထွက်ခဲ့တာပါ။
မိုးမခ။ ။ သီးလေးသီးအဖွဲ့ က နုတ်ထွက်သွားပီဆိုတော့ အငြိမ့်ကတာတို့ ၊ ကားရိုက်တဲ့ကိစ္စ တွေကျတော့ အတူတွဲမလုပ်တော့ဘူးလား ...။
ပန်းသီး။ ။ အငြိမ့်ပဲဖြစ်ဖြစ် ကားရိုက်ပဲဖြစ်ဖြစ် အနုပညာကိစ္စတွေကိုတော့ သီးလေးသီးနာမည်နဲ့ လာငှားရင် လုပ်မှာပါ။ `ဧည့်သည် အသီးတသီးအေ
မိုးမခ ။ ။ ကိုဇာဂနာကကော ကိုပန်းသီးနုတ်ထွက်တာကို သဘောတူလား။
ပန်းသီး ။ ။ ကျနော် ကိုသူရကို အီးမေးလ်တော့ပို့လိုက်ပါတယ်။ အခု ကိစ္စကိုပါစပ်ကို
မိုးမခ ။ ။ ကိုပန်းသီးက သီးလေးသီးက နုတ်ထွက်ပြီး ဘယ်လိုအနုပညာအလုပ်တွေ ဆက်လုပ်မှာ
ပန်းသီး။ ။ ရုပ်ရှင်ရိုက်တဲ့တွေကို ပိုပြီး လုပ်ဖြစ်မယ်ထင်တယ်။ သီးလေးသီးအငြိမ့်ပွဲတွေခေါ်ရင်
မိုးမခ ။ ။ သီးလေးသီးအဖွဲ့ သားတွေကို ဘယ်လိုမြင်ပါသလဲ
ပန်းသီး။ ။ အားလုံးကလူတော်တွေပါ ရိုးလဲရိုးသားကြပါတယ်..အခုလိုဆံ
မိုးမခ ။ ။ ကိုဇာဂနာကို ဘာပြောချင်လဲဗျ
ပန်းသီး ။ ။ ကိုသူရဟာ ကျနော်ရဲ့ ဖခင်လဲပြောလို့ ရပါတယ် ကျနော်မှာငယ်ငယ်ကတဲကအဖေ မရှိဘူးဆိုတော့ အဖေအစားရသလိုပါဘဲ။ ကိုဇာဂနာကြော
မိုးမခ ။ ။ ပရိတ်သတ်ကြီးကို ဘာပြောချင်ပါသလဲ...
ပန်းသီး ။ ။ ပန်းသီးက သီးလေးသီးက ထွက်သွားပေမဲ့ သီးလေးသီးမပြိုကွဲပါဘူး။ သီးလေး
(ဓာတ်ပုံ - ၂၀၁၁ နိုဝင်ဘာမှာ ပြည်တော်ပြန်လာတဲ့ သီးလေးသီးနဲ့ ကိုဇာဂနာ၊ လေဆိပ်မှာ)
Comments