SF Burmese Americans welcomes Shwe Mann from Burmese Regime


ဆန်ဖရန်ဘေးဧရိယာက မြန်မာအဖွဲ့ ၄ဖွဲ့ နှင့် မြန်မာအမေရိကန်များ သူရဦးရွှေမန်းကို လက်ခံကြိုဆိုပြီး ဆွေးနွေးမေးမြန်းကြ

မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၁၈၊ ၂၀၁၃ (ဓာတ်ပုံ ကျော်နိုင်)

လက်ခံရရှိသော သတင်းများအရ ဘေးဧရိယာရှိ မြန်မာအဖွဲ့ ၄ ဖွဲ့နှင့် မြန်မာအမေရိကန်သားတို့က မြန်မာပြည်က လာရောက်လည်ပတ်သော လွှတ်တော်ဥက္ကဌ သူရရွှေမန်းနှင့်အဖွဲ့ကို လက်ခံကြိုဆိုကြပြီး သိလိုသည်များကို ၀ိုင်းဝန်းမေးမြန်း၊ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

အဆိုပါ လေးဖွဲ့မှာ BADA (မြန်မာအမေရိကန်ဒီမိုကရေစီမဟာမိတ်)၊ BAWA (မြန်မာအမေရိကန်အမျိုးသမီး မဟာမိတ်)၊ ဥက္ကလံမြို့အခြေစိုက် မြန်မာကျောင်းသားများအစည်းအရုံး (ဆန်ဖရန်စစ္စကို) (Association of Burmese Students (San Francisco Bay Area) ၊ ကယ်လီဖိုးနီးယား မြောက်ပိုင်း ဓာတုအင်ဂျင်နီယာအသင်း (Northern California Chemical Engineering Association) ဖြစ်ပြီး မြန်မာအမေရိကန်သားများ တက်ရောက်ကြသည်ဟု ဆိုသည်။ မေးခွန်းများ မေးမြန်းခြင်း၊ သိလိုသည်များ တင်ပြဆွေးနွေးခြင်း၊  လိုအပ်ချက်များ အဆိုတင်သွင်းခြင်း၊ မိတ်ဆက်စကားပြောဆိုကြခြင်းတို့ ပြုလုပ်ကြသည်။ သူရရွှေမန်း၏ ပြောကြားချက်များ၊ ဖြေကြားမှုများကို ပရိသတ်က သဘောကျနှစ်သက်ပုံရကြောင်း၊ သူရရွှေမန်း၏ ပြောဆိုချက်များကို သြဘာအကြိမ်ကြိမ်ဖြင့် အားပေးထောက်ခံကြကြောင်း ပရိသတ်တဦးက မှတ်ချက်ပေးသည်။

၎င်းတို့၏ ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်အချို့မှာ …

“ ပထမပိုင်း အိပ်ဖွင့်ပေးစာပေးခြင်းနှင့် ဆွေးနွေးခြင်းအစီအစဉ်တွင် လက်ရှိ အာဏာရအစိုးရနှင့် လွှတ်တော်အဆင့်ဆင့်တို့ ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအောက်တွင် တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူတရပ်လုံး အဓိကလိုအပ်နေသည့် တွေ့ ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သော ထာဝရပြည်တွင်းငြိမ်းချမ်းရေး ၊ တရားဥပဒေစိုးမိုးရေးအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲအခြေအနေနှင့် ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ၏ အဓိကပြင်ဆင်သင့်သည်များကို တိတိကျကျ ဆွေးနွေးခြင်း၊ ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ခေါ်ယူရေးကိစ္စ များအပါအ၀င် ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စများကိုလည်း တင်သွင်းဆွေးနွေးခဲ့ကြပါသည်။ အမေးအဖြေကဏ္ဍတွင် တိုင်းရင်းသားများမှ ပြည်နယ်ပေါင်းစု ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာကိစ္စများ၊ မြန်မာ့စီးပွါးရေးဦးပိုင်ကုမ္မဏီလီမီတက်၏ ထင်သာမြင်သာမရှိသော၊ ဆောင်ရွက်နေမှုများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ ၂၀၁၅ ဆိုင်ရာမေးခွန်းကို ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် အရွေးအချယ်ခံရန် လိုအပ်သော အရည်အချင်းများ ၁၀၀ရာခိုင်နှုန်း သူ့ မှာရှိကြောင်း ယုံကြည်မှုအပြည့်ဖြင့် သူရဦးရွှေမန်းမှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ...” 

Comments