ရွှေတွံတေးဆရာတော်နှင့် ၉၆၉ အကျိုးဆောင်များနဲ့ တွေ့ဆုံ
ချမ်းမြ၊ ဇွန် ၁၂။ ၂၀၁၃
မဟာချိုင်-ဘန်ဘော်နှင့် စမွတ်ပကန်မှ ၉၆၉ အမျိုးဘာသာ သာသနာ စောင့်ရှောက်ထောက်ပံ့ရေး ကွန်ယက် အကျိုးဆောင်များ ၉-၆-၂၀၁၃ နေ့ က ရွှေတွံတေးဆရာတော်ထံ လာရောက်ေ\ လျှောက်ထားဆွေးနွေးကြသည်။
ပြည်တွင်းသို့ ထောက်ပံ့ရေး၊ ထိုင်းနိုင်ငံတွင်လည်း နိုင်ငံသားတိုင်းရင်းသားများ ဘာသာရေးအခြေခံ တည်ဆောက်ရေး၊ ပြင်ပတိုက်ခိုက်မှုကို တားဆီးကာကွယ်ရေး နှင့် အမျိုးသားရေးကိစ္စများအတွက် အရေးပေါ်နှင့် ရေရှည်လုပ်ငန်းစဉ်များ ဆွေးနွေးကြသည်။
ရွှေတွံတေးဆရာတော်က
”…ပြည်တွင်းပြည်ပ ဘာသာရေး လူမျိုးရေး ပဋိပက္ခ တွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ အစိုးရနဲ့ အာဏာပိုင်တွေက အဓိကကျတယ်။ ရိုးသားပြီး သတ္တိရှိဖို့ အရေးကြီးတယ်။ -၉၆၉ ဆောင်ရွက်သူတွေလည်း အာဏာပိုင်ရပ်တည်ချက်ကို သေသေချာချာသိပြီး ဆောင်ရွက်မှရမယ် ။မဟုတ်ရင် အခြေခံလူထုတွေကြားထဲမှာ ပဋိပက္ခဖြစ်ရုံ မီးရှို့ ပေးရုံဖြစ်နေလိမ့်မယ်။ ကိုယ့်လူတွေကလည်း အိပ်ပျော်မနေကြဘဲ မျက်စိဖွင့် နားစွင့် သတိဝီရိယနဲ့ စည်းလုံးနေကြမှဖြစ်မယ် ။”
စသဖြင့် မိန့် ကြားခဲ့သည်။
Comments