Visiting 88 leaders - Ko Pyone Cho and Ko Ant Bwe Kyaw in SF Bay Area

အမေရိကန်ရောက် ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်တို့ကို ၈၈အရးတော်ပုံငွေရတု အခမ်းအနား ဆက်သွယ်ဆွေးနွေးနိုင်
မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၈၊ ၂၀၁၃
          ဇွန် ၂၃ က အမေရိကန်ပြည်၊ ဆန်ဖရန်စစ္စကိုသို့ ရောက်ရှိလာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ ကိုပြုံးချို နဲ့ ကိုအံ့ဘွယ်ကျော် တို့က ပြည်ပရောက် မြန်မာအရေးလှုပ်ရှားသူများနဲ့ လက်ခံတွေ့ဆုံပြီး မြန်မာပြည်မှာ ကျင်းပရန် စီစဉ်နေတဲ့ ၈လေးလုံး အရေးတော်ပုံငွေရတု အခမ်းအနားနဲ့ ပတ်သက်ပြီး အကြံပြုမှုများ၊ ဆွေးနွေးမှုများ ရယူသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ဇွန် ၂၈ မှာ ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဇေယျာ ရောက်ရှိလာပြီးနောက် အမေရိကန်ပြည်တွင်း ခရီးစဉ်များ စီစဉ်ပြီး ပြည်ပရောက် ၈၈ မျိုးဆက်များ၊ ဒီမိုကရေစီအင်အားအစုအဖွဲ့များနဲ့လည်း တွေ့ဆုံရန်၊ ဆွေးနွေးပွဲများ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
           ကိုအံ့ဘွယ်ကျော်ရဲ့ ဖေ့စ်ဘွတ်မှာ သူတို့ကို ဆက်သွယ်နိုင်မယ့် ဖုံးနံပါတ်တွေ တင်ဆက်ထားပါတယ်။ သူတို့ခရီးစဉ်ကို ဖိတ်ကြားပေးသူကတော့ ပြည်ပတွင် ဖွဲ့စည်းထားသည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီိမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ ဖြစ်တယ်လို့ သိရပါတယ်။
            ကိုအံ့ဘွယ်ကျော် ဖေ့စ်ဘွတ်က ကောက်နုတ်ချက်မှာ ...


          ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားအတွက် ပြည်ပတွင် ဆက်သွယ် ဆွေးနွေးနိုင်ရန်

         ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားအတွက် ပြည်ပရောက် ရှစ်လေးလုံးမျိုးဆက်များနှင့် ဆက်သွယ် ဆွေးနွေးနိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေကြသော ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော်တို့၏ အောက်ပါ ဖုန်းနံပါတ်များကို ဖော်ပြပေးလိုက်ပါသည်။ (ထိုဖုန်းနံပါတ်များကို ဇူလိုင်လ၊ ၂၂ ရက် အထိ ဆက်သွယ်နိုင်ပါသည်။)
           ကိုပြုံးချို - ၄၁၅ ၆၇၆ ၀၃၈၅။ ကိုအံ့ဘွယ်ကျော် - ၄၁၅ ၉၇၁ ၄၆၆၆
(ဓာတ်ပုံ - ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော်တို့ ဆန်ဖရန်ဘေးဧရိယာ၊ တည်းခိုရာနေအိမ်မှာ တွေ့ရစဉ်)

Comments