၈လေးလုံး ငွေရတုအကြို ပြည်ပခရီးစဉ်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
ပြုံးချို (ခ) ဌေးဝင်းအောင်
အတွင်ရေးမှူး၊ လူ့အခွင့်အရေးဌာန၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
ကိုယ်ရေးအကျဉ်း၊ ဇူလိုင် ၂၊ ၂၀၁၃
၁၉ ၈၈ ကျောင်းသားလှုပ်ရှားမှုတွင် ဘူမိဗေဒ၊ မဟာသိပ္ဗံတန်း တက်ရောက်ရင်း ဦးဆောင်ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းပြီး ဒုဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဗကသများအဖွဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပြီး တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
၁၉ ၈၉ ဇူလိုင်လတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး၊ ၁၉ ၉၁ တွင် ထောင်ဒါဏ် ၇ နှစ် ချမှတ်ခံရသည်။
၁၉ ၉၅ တွင် အင်းစိန်ထောင်တွင်းအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊ မဂ္ဂဇင်းထုတ်ဝေခြင်းများအတွက် နောက်တကြိမ် ထောင် ၇ နှစ် ချခံရသည်။ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပြီးနောက် ၂၀၀၃ နိုဝင်ဘာလတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
ကျောင်းသားခေါင်းဆောင်များ ပြန်လည်စုစည်းပြီး ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၈၈ မျိုးဆက်ကျောင်းသားမျာ အဖြစ် ပြန်လည်စုစည်း လှုပ်ရှားခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့သည်။
၂၀၀၆ စက်တင်ဘာလတွင် ခေတ္တထိန်းသိမ်းခံရသည်။ ၂၀၀၇ သြဂုတ်လတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် ၆၅ နှစ် ၆ လ ချမှတ်ခံရသည်။ မအူပင်ထောင်မှ ကော့သောင်းထောင်သို့ ပြောင်းရွှေ့ခံရပြီး နောက် ၂၀၁၂ ဇန်န၀ါရီလတွင် အခြားလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ပြန်လည်လွတ်မြောက်လာသည်။
ယခုအချိန်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် အတွင်းရေးမှူး၊ လူ့အခွင့်အရေးဌာနတွင် ဆက်လက် တာဝန်ယူ ဆောင်ရွက်နေသည်။
Comments