အမေရိကန်ပြည်ရောက် ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ တရားပွဲ အစီအစဉ်များ ထွက်ရှိ
မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၉ ၊ ၂၀၁၃
မြန်မာပြည်က အမေရိကန်ပြည်ထောင်စုသို့ ဓမ္မဒူတခရီး ကြွရောက်လာသော ရွှေည၀ါဆရာတော် အရှင်ပညာသီဟ သည် ဇူလိုင်လ ၁ ရက်နေ့က ဘေးဧရိယာ သို့ ရောက်ရှိပြီး ပီနိုးမြို့၊ ကေတုမတီဓမ္မာရုံတွင် သီတင်းသုံးလျက်ရှိသည်။ မကြာမီရက်အတွင်း ဖိတ်ပင့်ထားသော တရားပွဲများသို့ ကြွရောက် တရားဟောရန် စီစဉ်ထားသည်ဟု ဆိုသည်။ဆန်ဖရန်ဘေးဧရိယာ မြန်မာဗုဒ္ဓဘာသာမိသားစုများအတွက် တရားပွဲကို လာမည့် ဇူလိုင် ၂၈ တနင်္ဂနွေနေ့ ညနေ ၃ နာရီ မှ ၆ နာရီအထိ ကျင်းပရန်အတွက် ဖရီးမောင့်မြို့၊ မာဃလုလင် လူငယ်များအသင်းက ဓမ္မဒါနပြု စီစဉ်ထားသည်။
ဆရာတော်က မျက်မှောက် မြန်မာပြည်အကြောင်း သိကောင်းစရာ၊ သောင်းပြောင်းထွေလာများကို မဇ္ဈိမပဋိပဒါ နိုင်ငံရေးအသွင်ဖြင့် ရင်ကြားစေ့ ဆွေးနွေးဟောပြောမည် ဖြစ်ပြီး အပြုသဘောဆန်သည့် အမေးအဖြေများလည်း ခွင့်ပြု ဖြေကြားမည်ဟု မိန့်ကြားထားသည်။
ဇူလိုင် ၁၃ တွင် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့၊ ဇူလိုင် ၁၄ တွင် နယူးယောက်မြို့တော်၊ ဇူလိုင် ၂၁ တွင် အင်ဒီယာနားပြည်နယ်၊ ဖို့ဝိန်းမြို့၊ ဇူလိုင်လ ၂၇ တွင် Chapel Hill, NC, မြို့များသို့ ကြွရောက်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
Comments