Hay Man Tha Zin - The Past goes on ...
ဟေမန်သဇင်၊ သြဂုတ် ၇၊ ၂၀၁၃
ဟိုတုန်းက စာစောင် ပုံ တွေ ကို သူငယ်ချင်းတယောက်ဆီမှာ တွေ့ လိုက်ရတော့ အရာရာဟာ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဖြစ်လာရတော့တယ်။
 ၈၈ဟာ တနိုင်ငံလုံးကို ၀င်ပြီးကျုံးလိုက်တာပါ။ အဲဒီတုန်းက တချို့ တွေဟာ နိုင်ငံရေး နဲ့  နီးစပ်တဲ့ မျိုးရိုးစဉ်လာ ရှိကြတယ်။ တချို့ တွေ ကတော့ မျိုးရိုးစဉ်လာ အားဖြင့်တော့ မနီးစပ်ကြဘူးပေါ့။
နီးစပ်သူတွေက မှောင်းနှင်တံ ဖြစ်သွားကြပြီး ဦးဆောင်သူ ဒါမှမဟုတ် အရေးပါတဲ့ နေရာတွေမှာ ရှေ့ က ပါဝင်သူတွေ ဖြစ်သွားကြတယ်။
ဒီအခြေအနေ တွေနဲ့ မနီးစပ်တဲ့ သာမန် လူကြီး လူငယ်တွေကတော့  ပင်နယံစက်သွားလေးတခု ဒါမှမဟုတ် လိုရာဖြည့်ပါပေးကြတဲ့ ဝက်အူလေးတချောင်း..အဲဒီလို နေရာက ၀င်ပြီး မောင်းနှင်နေတဲ့ စက်ကြီး ကို အဆက် မပြတ် လည်ပတ်နိုင်ဖို့ .. ဖြည့်ဆည်းပေး သူတွေဖြစ်ကြတယ်။
 ဘယ်လိုနေရာ က ပါခဲ့ ကြကြ.. ပါခဲ့ ရရ…
လွန်ခဲ့ တဲ့ နှစ် အစိတ် က ဆို …
လုပ်သင့်လို့ လုပ်ရမယ်လို့  ခံယူလို့ ပဲဖြစ်ဖြစ်.. သူငယ်ချင်း တွေ ကြောင့် ပဲ ပြောပြော.. မကြည့် ရက်လို့ ပဲဆိုဆို.. မနေနိုင်လွန်းလို့ ပဲ ပါပါ.. အားလုံးဟာ ..အကြောက်တရား အောက်မှာ..့.. ကြောက်ကြောက်နဲ့ ကို ပါ ခဲ့ ရ လုပ်ခဲ့ ရ တာပါ။
ကင်မရာမီးတွေ တဖြတ်ဖြတ်အောက်မှာ..ပို့ စ်ပေး ပြီး နေနိုင်ဖို့ သာသာ… ပင်နီလို အင်္ကျီ..သိသာတဲ့ တီရှပ်တွေ ဆို ၀တ်သွားဖို့ မရဲလို့ ..ထုပ်ပိုးပြီး.. ဆိုင်တဲ့ နေရာရောက်မှ ..လဲကြရတယ်။
ကိုယ်လုပ်နေတာ သိသွားပြီး..မိဖ တွေက ပြောမှာ ဆို မှာ စိုးရိမ် ငြိုငြင်မှာ ကို လည်း လူငယ်တယောက် အနေနဲ့ ကြောက်ခဲ့ ကြရတယ်။
ပတ်ဝန်းကျင်ဆိုတာ က လဲ စိတ်မချ စရာ ..ဘယ်သူက ဘယ်သူမှန်းမသိလို့ ..သူတို့ တွေ သိမှာလည်း စိုးရိမ်ပြီး ကြောက်ခဲ့ရပြန်တယ်..
ရိုးသားကြိုးစား လုပ်အားနဲ့ ကမ္ဘာတည်..ခင်တော့ခင်ပါတယ်..ဒါပေမဲ့ ..ဆိုတဲ့  သူငယ်ချင်းတွေ ကြား ..ငြိုငြင်သွားမှာစိုးတာ လည်း ကြောက်ခဲ့ရတဲ့ တချက်ဖြစ်ခဲ့ တာပဲ။
 သေနတ်ဒဏ်ရာ ရခဲ့ တဲ့ ကိုမြင့်ဦ့း ကို အရမ်း တင်းကြပ် နေတဲ့  အချိန် ..ဆေး ရုံ ကြီး မှာ ..တကျောင်း တည်း သားဆိုတဲ့စိတ်နဲ့ သွားတွေ့ ခဲ့တာလဲ ပထမဆုံး အကြောက်တရား ကို အားတင်းရင်ဆိုင်ပြီး သွားခဲ့ရတာပဲ။
ပြေးလွှားပုန်းရှောင်နေရတဲ့ သူတွေ ကို ခိုအောင်းရာပေးခဲ့တာလဲ ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတာပါပဲ။
သူများတွေ မီးချောင်းနဲ့ တရွက်ချင်း လှိမ့်ပြီးမှ ထွက်လာတဲ့ စာစောင်တွေကို တထိတ်ထိတ် ဝေခဲ့ရတာ..ဒါလည်း ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတာပဲ။
တဖြည်းဖြည်း ပိုပို ပြီးကျပ်လာချိန်မှာ စာစောင်ထုပ်ကြီး လာသယ်ပေးပါ။ ခဏ သိမ်းပေးပါ ဆိုတော့ ကိုယ့် ကြောက် စိတ်ထက်.. သူတို့ တွေ ရဲ့ ဒုက္ခ ကို မငြင်းရက်လွန်းလို့ .. လိုင်စင်မပါပဲ ..သွားသယ်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက နယ်လိုင်စင်ကို ရန်ကုန်လိုင်စင်ပြောင်းဖို့ ..လိုင်စင်ကို နယ်ပို့ ထားတဲ့ အချိန်။
အပြန်မှာ.. Suprised Check ပုလိပ်တဖွဲ့ ကြီးနဲ့ တိုးတော့..ဒေါင်ဒေါင်မြည်.. ကျန်းမာနေတဲ့ အဖွား.. အသည်းအသန် ဖြစ်လို့  ..ဆေးသွားဝယ်တာ..လိုင်စင်မေ့ခဲ့ လို့ ဆိုပြီး..ဟန်လုပ်ပြီး ဇာတ်ဆင်ခဲ့ရတယ်။.. တကိုယ်လုံးတုန် နေတာ.. ခုံအောက် မှာက..စာစောင်တွေ အထုပ်လိုက်နဲ့ ကိုး။ ငယ်ငယ် ရွယ်ရွ ယ်.. ကလေးမ ..လိုင်စင် မရှိပဲ ..ကားခိုးမောင်းတဲ့ ဇာတ်ရုပ်က ပိုပြီးပီပြင်နေတော့..ပုလိပ်တွေက အတန်တန်..လိုင်စင်ရှိတာ သေချာရဲ့ လား ဆိုပြီး ..ကားဝှစ်တက်လေး သိမ်း ..ချလံဖြတ် ရုံနဲ့ မို့  ..ဇာတ်သိမ်းလေး လှခဲ့ရတယ်။ ဒါလည်း အကြောက်တရား ကို ကြောက်ကန် ကန်ပြီး လုပ်ခဲ့ရတာပဲ။
အချိန်တွေရှည်ကြာလာလို့ ..ရပ်တည်ဖို့ ခက်လာတဲ့ အဖွဲ့ သားတွေ ရပ်တည်ဖို့  အတွက် .. ဆိုင်ဖွင့်ပြီး ..ရံပုံငွေ..ဆိုတော့လဲ..တခဏဈေးသည်..ဖြစ်ရပြန်တာပဲ။
ကျောင်းပြန်ဖွင့်တော့..တသက်လုံး..မချိတ်ခဲ့ရတဲ့ ကျောင်းသားကဒ်တွေ ချိတ်ပါ ဆိုတော့ .. ပေ ကပ်ကပ် နဲ့ မို့ ..ကိုယ်ချစ်ခင် လေးစားရတဲ့ ဆရာတွေနဲ့ ..အချီအချဖြစ်ရပြန်တယ်.. နောက်ဆုံး ..ဆရာတွေနဲ့ မဖြစ်ချင်တော့.. ကျောင်းသားကဒ်ကို ..ဟိုးခါးအောက်သာသာမှာ ..တမင်ချိတ်ခဲ့ တာ…အဲဒီအချိန်ဟာ..ဒဏ်ရာရ ကျားနာတကောင်လို..တဟဲဟဲနဲ့  ရယ်နိုင်သူတွေ ကို ကြည့်ပြီး..ပျေက်ဆုံးသွားတဲ့ သူငယ်ချင်းတွေ..အတွက် မပြေသာ မပြောသာတဲ့ ခံစားချက်တွေ ..ဖိသိပ်ထားရတဲ့ အချိန်တွေပါပဲ။
လွပ်လပ်ပြီး မိုင်သောင်းချီဝေးနေတဲ့ နိုင်ငံရောက် ပြန်တော့လဲ ကိုယ့်ရွာအရေး မအေးခဲ့တာတွေကို ..ကျေးဇူးရှင် ပေါက်ဖော်ကြီး ရဲ့ သံရုံးရှေ့ မှာ..အကြိမ်ပေါင်းများစွာ…တခြိမ်းခြိမ်း ဆန္ဒတွေပြခဲ့ တယ်။ အသိတယောက်က နောက်မှ မေးတယ်။ နေ့ တွက်ရလို့ လားတဲ့ ။ သမ္မတကြီး ဦးသိန်းစိန် က ရွာကလူတွေ နေ့ တွက် ရလို့ ဆန္ဒတွေပြ တယ်လို့  ပြောတော့ ကိုယ့်အတွက်  အထွေအထူး အံ့ သြမနေ တော့ပါဖူး။
အခုတော့ အနှစ်အစိတ်ပြည့်ခဲ့ ပါပြီ။
ပင်နီအင်္ကျီ နဲ့  ယောထမိန်၊ ရှပ်ဖြူကော်လာ ကတုံး နဲ့ ကချင်ပုဆိုး တို့ ကို မင်းသမီး မင်းသားတွေတောင် နှစ်သက်စုံမက် ၀တ်ရဲတဲ့ ခေတ်..... ဖြစ်လို့ လာပါပြီ။ ကိုယ်လေးစားတဲ့သူတွေကို ဘယ်သူ့ မှ ကြောက်စရာ မလိုပဲ ကင်မရာ မီးတဖြတ်ဖြတ် အောက်မှာ ရဲရဲကြီး အတူတွဲ လို့ အမှတ်တရ ဓါတ်ပုံ မှတ်တမ်း တင်ထား နိုင် တဲ့ ခေတ်..ရောက်လို့ လာပါပြီ။
ဒီလို မများလွန်းလှတဲ့  အပြောင်းအလဲလေးတွေကိုတောင် သနားလွန်လွန်းလို့ ဆိုပြီး သဒ္ဒါကြေးနဲ့  ပေးလို့  ရခဲ့ တာ မဟုတ်တာတော့ သေချာလွန်းလှပါတယ်။ အရင်းကြီးကြီး ကို အဖိုးနည်းနည်းနဲ့ လဲထားခဲ့ရတာ။
ဖြတ်ခဲ့ရတဲ့ ဒီခရီး တလျှောက် မှောင်တလှဲ့ လင်းတခါ။ အခန်းဆက်..ဇာတ်ကားမို့ ..ဆက်ရန်ကတော့ ရှိတုန်း..ပြီးခဲ့တဲ့ ဇာတ်လမ်းတွဲ တွေမှာတော့ ..ဇာတ်ကောင်ကမျိုးစုံ ...အကြမ်းအရမ်း ..အလွမ်းအဆွေး ..အမျိုးမျိုး ..အဖုံဖုံ ..ထင်သာမြင်သာ ရှိလွန်းသမို့ ...လာမဲ့ ဇာတ် အတွက်..ကိုယ့်ကြိုက်ရာဇာတ်ရုပ်..ကိုယ်တိုင်ရွေးပြီး..နိုင်ရာဝန် ကို ရိုးဖြောင့် စွာနဲ့  ပဲ ..ဆက်ပြီးကကြပါစေလို့ ပဲ..အတိတ်ခြေရာကောက်ရင်း...စိတ်ဆန္ဒပြုလိုက်ပါတယ်။
(မိုးမခဖြည့်စာ - စက်မှုတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ခေါင်းစဉ်နဲ့ စစ်အာဏာသိမ်းပြီး ထုတ်ခဲ့တဲ့စာစောင်တွေ၊ ပြီးတော့ ၉၀ ရွေးကောက်ပွဲအကြိုကာလ၊ ရန်ကုန်နဲ့ မန္တလေးက ဖြိုခွဲခံနေရတဲ့ ကျောင်းသားသမဂ္ဂတွေ တပ်ဦးတွေရဲ့ စာစောင်အဖွဲ့တွေ ပေါင်းပြီး ထုတ်ခဲ့တဲ့ ဒေါင်းဋီကာလို့ ခေါ်တဲ့ ဂျာနယ်ပေါင်းချုပ်တခု ထုတ်ခဲ့တာရဲ့ အဖုံးတွေ ကူးပြီးတင်ပေးတဲ့ သန့်ဇော်ဦး ကို ကျေးဇူးတင်တယ်)
Comments