MoeMaKa Monthly with Selection of daily articles

မိုးမခက လစဉ်မဂ္ဂဇင်း အီးဘွတ် ၈လေးလုံး ၂၅နှစ်မှာ အမှတ်တရထုတ်
မိုးမခ၊ သြဂုတ် ၈၊ ၂၀၁၃
မိုးမခမီဒီယာက နေ့စဉ် သတင်းဆောင်းပါးများ အင်တာနက်ကတဆင့် တင်ဆက်လျက်ရှိရာ လစဉ် ဆောင်းပါး ၃၀၀ ခန့်အထဲမှ ကောင်းနိုးရာရာ ဆောင်းပါးအချို့တို့ကို ကောက်နုတ်ပြီး လစဉ်အီးဘုတ် စုစည်းပြီး ထုတ်ဝေမည် ဖြစ်သည်။  ပထမစာစောင်အဖြစ် ၈လးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် တင်ဆက်လိုက်သည်။ ပထမစာစောင်တွင် မိုးမခ၀ိုင်းတော်သားများထဲက ငြိမ်းချမ်းအေး၊ မာမာအေး၊ သန်းဝင်းလှိုင်၊ အရှင်နန္ဒ၀ံသ၊ ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ၊ မောင်စွမ်းရည်၊ ကိုရာဇာ၊ အေးငြိမ်း၊ ကူမိုးကြိုး၊ စောငို၊ အောင်ဝေး၊ မောင်ရစ်၊ ထွန်းမြတ်ဦး၊ ခိုင်လင်း (မေဃ၀တီ)၊ လောအယ်စိုး၊ အောင်ထက်၊ ဂရပ်ဖစ်ကိုမျိုးတို့၏ စာများ၊ လက်ရာများ ပါဝင်သည်။ စာမူများကို ကောက်နုတ်ရာတွင် အယ်ဒီတာအဖွဲ့ဝင် ၂ ဦးဖြစ်သော ဇာနည်ဝင်းနှင့် ဆောင်းလူတို့က ရွေးချယ်ခြင်း ဖြစ်သည်။


 

Comments