D Star


ငြိမ်းချမ်းရေးအငြိမ့်ပြိုင်ပွဲဆုဖလား ဒီစတားအဖွဲ့ ဆွတ်ခူးသွား
ရန်နောင် (ဗိုလ်တထောင်)
စက်တင်ဘာ ၂၆၊ ၂ဝ၁၃



တနင်္ဂနွေနေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် မြန်မာ့ငြိမ်းချမ်းရေးပွဲတော် Sky Net တံခွန်စိုက်အငြိမ့်ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့သည်။

၁၅ ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် ဗိုလ်လုပွဲတက်ခဲ့သော အဖွဲ့များဖြစ်သည့် ရွှေမြင့်မိုရ်၊ ဟားငါးကောင်၊ မြန်မာပြည်သား၊  ဒီစတားတို့က ထိုနေ့ညနေပိုင်းတွင် တင်ဆက်ကပြခဲ့ကြသည်ကို တွေ့ရသည်။

ဆုရွေးချယ်ရာတွင် ပရိသတ်အများအပြား မျှော်လင့်ထားသည့် ဒီစတားအဖွဲ့က ပထမဆု ရရှိပြီး တံခွန်စိုက် ဆုဖလား ပိုက်သွားသည်။

ပထမဆု - ဒီစတား
ဒုတိယဆု - ဟားငါးကောင်
တတိယဆု - မြန်မာပြည်စတား
နှစ်သိမ့်ဆု - ရွှေမြင့်မိုရ်
မျိုးဆက်သစ်ဆု - ဟားငါးကောင်၊ မေတ္တာရှင်
ဆိုင်းဆရာဆု - ဦးအောင်ဝမ်းတူး
မင်းသမီးဆု - ၀မ်းကေဇင် (ဒီစတား)
ပရိသတ်အကြိုက်ဆုံးလူရွှင်တော်ဆု - ဟားငါးကောင်

ပထမဆု - ဆုဖလား၊ ကျပ်သိန်း ၂၀
ဒုတိယဆု - ကျပ် ၁၅ သိန်း
တတိယဆု - ကျပ် ၁၀ သိန်း
(ထိုဆု ၃ မျိုးတွင် Sky Net SN3 တလုံးစီလည်း ပါဝင်ကြောင်း တွေ့ရသည်)

Comments