မောင်ဝံသ၏ ဒေါင်းစာပေ နှစ် ၄၀ ပြည့် အခမ်းအနား ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၁၅၊ ၂၀၁၃

စက်တင်ဘာ ၁၄၊ နေ့ခင်းက၊ ရန်ကုန်မြို့၊ မင်းကွန်း တိပိဋိကကျောင်းတိုက်မှာ ကွယ်လွန်သူ စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ထူထောင်ခဲ့တဲ့ ဒေါင်းစာပေ (၁၉၇၃ - ၂၀၁၃) နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

မြန်မာစာနယ်ဇင်းနယ်က ဧည့်သည်အများအပြား တက်ရောက်ကြတာကိုတွေ့ရပါတယ်။

ကျန်ရစ်သူ မောင်ဝံသမိသားစုက သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းကို မြန်မာငွေ ကျပ် ၅ သိန်း လှူဒါန်းခဲ့ပါတယ်။

Comments