Han Thit Naing - News

ဇေကမ္ဘာဦးခင်ရွှေ၏ လွှတ်တော်တွင်ပြောကြားချက်ကို လယ်သမားအခွင့်အရေး စောင့်ရှောက်မှုကော်မတီ ထောက်ခံ
ဟန်သစ်နိုင်
စက်တင်ဘာ ၁၀၊ ၂၀၁၃

 (ဓာတ်ပုံ - ဟန်သစ်နိုင်)

သြဂုတ်လ ၂၈ ရက် နံနက် ၉နာရီတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ ဓမ္မ၀ိဟာရကျောင်းတွင် တောင်သူ လယ် သမားများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

ဥပဒေမဲ့ လယ်ယာမြေသိမ်းယူသည်ဟု ပြောနေခြင်းများသည် ၁၉၅၃ ခုနှစ်၊ ၁၉၆၃ ခုနှစ် လယ်ယာမြေနှင့် ပတ်သက်သည့် ဥပဒေ၏အားနည်းချက်ကြောင့်ဖြစ်ကြောင်း၊  ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ နှင့် ၄၄၄ အရ  ယခင်အစိုးရလုပ်ဆောင်သွားသည့် လုပ်ငန်းများအား ယခုအစိုးရမှ ဆက်လက်အသိမှတ်ပြု၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဆောင်ရွက်ခဲ့လျှင် ပြည်ထောင်စု အစိုးရအား တရားစွဲနိုင်သည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အပြစ်ရှာမှာလား၊ အဖြေရှာမှားလား ဟု  ၂၀၁၃ ခုနှစ် ဇူလှိုင် ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးကြရာတွင် ဇေကမ္ဘာဦးခင်ရွှေက ပြောကြားကြောင်း သိရသည်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်စောင့်ရှောက်မှု ကော်မတီမှ ဥက္ကဌ ဦးသိန်းလွင်ဦး ပြောကြားရာတွင် ... ၁၉၆၃ ခုနှစ် ဥပဒေပုဒ်မ (၃)၁၌ တည်းဆဲဥပဒေတစ်ရပ်ရပ်တွင် တရားရုံးတစ်ခုခု၏ အမိန့်ဖြင့် လယ်ယာမြေအပါဝင် ကျွဲ၊ နွား၊ ထွန်စက် စသည်များကို သိမ်းဆည်းမှုမပြုရခြင်းဟု ပြဌာန်းထားခြင်၊ ထိုဥပဒေကို ဖောက်ဖျက်သူများကို ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ်နှစ် ၂၀ ဟု ပြဌာန်းခဲ့ခြင်း မရှိသောကြောင့် ဥပဒေများအားနည်းချက်ရှိသည်ဟု ဦးခင်ရွှေက ပြောကြားသွားခဲ့ခြင်းဖြစ်နိုင်းကြောင်း၊ ပုဒ်မ ၄၄၄(က) သည် ယခုဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသောအစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ  တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့ မပေါ်ပေါက်မီ မိမိတို့၏သက်ဆိုင်ရာတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်ကြောင်း၊ ပုဒ်မ ၄၄၄ (ခ) သည် ယခုဖွဲ့စည်းပုံ ဥပဒေအာ ဏာတည်သည့်နေ့၌ တည်ရှိသော တရာရုံးများသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်သည့်တရာရုံးများမပေါ်ပေါက်မီ ဆက်လက်ပြီး တရားစီရင်ခွင့်အာဏာမျာ သုံးစွဲဆောင်ရွက်ရမည်းဖြစ်ကြောင်း၊ တရားရုံးများတွင် မပြီးပြတ်ကျန်ရှိနေသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာ အမှုများနှင့် အခွန်တော်အမှုများကို စတင်စစ်ဆေးစဉ်က ကျင့်သုံးသည့်ဥပဒေများနှင့်အညီ ဆက်လက်စစ်ဆေးစီရင်ရမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားသွားသည်။


ဆက်လက်ပြီး၎င်းက ဦးခင်ရွှေ၏တောင်းဆိုချက်အတိုင်း ယခင်နိုင်ငံတော်အစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်သာယာရေးနှင့် ဖွဲ့ဖြိုး ရေးကောင်စီမှ ၀န်ကြီးဌာနများသို့ တိုက်ရိုက်ညွှန်ကြားချက်ဖြစ်သည့် ပုဂ္ဂလိကပိုင်မြေယာအဆောက်အအုံများနှင့် သီးနှံများလျော်ကြေးဆိုင်ရာကိစ္စကို အကောင်ထည်ဖော်ရမည်ဖြစ်ကြောင်း၊ ကာယကံရှင်များ နစ်နာမှုမရှိစေရန် ဒေသပေါက်ဈေးထက်မနည်း လျော်ကြေးပေးရန် နအဖ အတွင်းရေးမှူးကြီးကိုယ်တိုင် လက်မှတ်ရေးထိုးဖြန့်ဝေခဲ့သောကြောင့် ‘အခုလို ဒီမိုကရေစီစနစ်တည်ဆောက် နေသည့် ကာလ ဖြစ်တဲ့အတွက် လျော်ကြေးပေးရာတွင် ကာလဒေသပေါက်ဈေးဖြစ်ရမယ်၊ အာဏာရှင်စနစ်ကျင့်သုံးတဲ့ ဒေသဆိုင်ရာအာ ဏာပိုင် တို့ရဲ့ သတ်မှတ်သောဈေးနှုန်းမဖြစ်စေရဘူး’  ပုဒ်မ ၃၆၅ တွင် နိုင်ငံတော်သည် နိုင်ငံသားများရဲ့ တရားဝင်လက်ရှိပိုင် ဆိုင်ထားသော ရွှေ့ပြောင်းနိုင် သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ဥပဒေအရ ကာကွယ်ပေးရမည်ဟု ၄င်းကပြောကြားခဲ့သည်။