သာဓုခေါ်သံ … ပဲ့တင်သံ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
စက်တင်ဘာ ၁၄၊ ၂၀၁၃
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခံမှုကြောင့် အသင်းမှ ကွင်းဆင်း လေ့လာခဲ့ကာ ၂၉.၈.၂ဝ၁၃ ရက်နေ့တွင် စတင်တူးဖော်ပေးခဲ့သည်။ ရွာအတွင်းသို့ ရေတူးစက်မော် မော်တော်ယာဉ်များနှင့် သွားလာရန်ခက်ခဲခြင်း၊ စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် လူအင်အားဖြင့်တူးဖော် ပေးခဲ့ရာ (၁၃) ရက်တိုင် ကြာမြင့်ခဲ့သည်။ ထိုသို့တူးဖော်ခြင်းလုပ်ငန်းများတွင် ရေတွင်းတူးလုပ်အားခ၊ သယ်ယူစရိတ်၊ မြေမှုန်အိတ်ဝယ်ယူခြင်း၊ အင်ဂျင်၊ လေမှုတ်စက်၊ ပိုက်/လေပိုက်နှင့် စပ်ဆက်ပစ္စည်း ဝယ်ယူစရိတ်၊ အုတ်ကန်၊ စက်ခန်းတည်ဆောက်ခ စသည့် စုစုပေါင်းကုန်ကျစရိတ် ၂၈၈၈၂ဝဝိ/- (နှစ် ဆယ့်ရှစ်သိန်းရှစ်သောင်းရှစ်ထောင့်နှစ်ရာ)ကျပ် တိတိ ကုန်ကျခဲ့ပါသည်။ ထိုကဲ့သို့ ရေရှားပါးသော မြန်မာပြန် အရပ်ရပ်ရှိ ဒေသအသီးသီးတို့တွင် အဝီစိစက်ရေတွင်းများ၊ အုတ်ကန်များ၊ ရေစုပ်စက်များ တပ် ဆင်လှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ခြင်းသည် ရေအလှူအတွက် မေတ္တာရေစင် လှူဒါန်းကြသော အလှူရှင် များ၏ ကောင်းမှုတို့ကြောင့်ပင် ဖြစ်တော့သည်။
မေတ္တာရေစင် ကရုဏာရေစက်များ ဖြန်းပက်ပေးခဲ့ကြသော အလှူရှင်များအနက် ဓမ္မဗျူဟာ လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်းမှ သင်တန်းမှူး ဒေါ်ခင်လှတင် (မဟာသဒ္ဒမ္မဇောတိကဓဇ )နှင့် သင်တန်းဆရာ/မများ၊ သင်တန်းသား/သူများ၏ ရေကုသိုလ်တော်ကြီးသည် စဉ်ဆက်မပျက် လှူဒါန်း ပေးလျှက်ရှိပါသည်။ ၅.၉.၂ဝ၁၃ ရက်နေ့တွင်လည်း ထပ်မံ၍ နာရေး၊ ကျန်းမာရေး၊ ရေကုသိုလ်အဖြစ် ၂၉၂၅ဝဝဝိ/- (နှစ်ဆယ့်ကိုးသိန်းနှစ်သောင်းငါးထောင်) ကျပ်တိတိ လှူဒါန်းခဲ့သောကြောင့် ဓမ္မဗျူဟာအဖွဲ့ ၏ လှူဒါန်းမှု ယခင် ၂၇.၅.၂ဝ၁၃ ရက်နေ့တွင် ၁၁၁၂ဝဝဝဝိ/- (တစ်ရာတစ်ဆယ့်တစ်သိန်းနှစ်သောင်း) ကျပ်တိတိ၊ ၅.၆.၂ဝ၁၃ ရက်နေ့တွင် ၈၉၆၅ဝဝိ/- (ရှစ်သိန်းကိုးသောင်းခြောက်ထောင့်ငါးရာ) ကျပ်တိတိ၊ ယခင်နှင့် ယခု လှူဒါန်းငွေ စုစုပေါင်း ၁၄၉၄၁၅ဝဝိ/- (တစ်ရာလေးဆယ့်ကိုးသိန်းလေးသောင်းတစ်ထောင့် ငါးရာ) ကျပ်တိတိ လှူဒါန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ အလှူရှင်များ လှူဒါန်းမှုတို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်)အနေဖြင့် မြန်မာပြည်အရပ်ဒေသ အသီးသီးတို့တွင် အဝီစိရေတွင်း စုစုပေါင်း (၁၃၃) တွင်းအား တူးဖော်ပေးခဲ့ပြီးဖြစ်သည်။
ထို့သို့ ရွှေကိုမလို ရေကိုသာလိုသည်ဟု ကြွေးကြော်နေကြသော ရေရှားပါးရာ ဒေသများသို့ ရေရရှိ ရေးကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အဝီစိရေတွင်းများ တူးဖော်ပေးရုံဖြင့် မပြီးချေ။ ထွက်ပေါ်လာ သည့် ရေများအား သောက်သုံးရန် သင့်/မသင့်တို့အားလည်း စမ်းသပ်စစ်ဆေးပေးရန် တာဝန်ရှိပေသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်စံနှုန်းနှင့် တိုင်းတာစစ်ဆေးနိုင်ရန် ဂျာမဏီနိုင်ငံမှ ထုတ်လုပ်သော ရေ၏ စံနှုန်းအား တိုင်းတာရေးစက်ကိရိယာများ ဝယ်ယူကာ တူးဖော်ရရှိသော ရေအား စစ်ဆေးပေးလျှက်ရှိသည်။
ထိုသို့ စစ်ဆေးပေးရာတွင် (၁၃) ရက်ကြာ တူးဖော်ခဲ့ရသော ကြောင်ဒူးကျေးရွာရှိ အဝီစိရေတွင်းမှ ထွက်လာသော ရေဓါတ်သည် -
Ph 7.98 – 250-C
အာဆင်းနစ် 0.005 clour
ကော့ပါး T 150 ကုတ်နဲ့စစ်ဆေး 3.5 Fh
Ph သံဓါတ်စစ်ဆေး 130 ကုတ်နဲ့စစ်ဆေး 6.25
ဟု စစ်ဆေးတိုင်းတာမှုများ ထွက်ပေါ်လာသဖြင့် သုံးစွဲရန်သာမက သောက်သုံးရန်သင့်သော ရေဖြစ် ကြောင်းတွေ့ရှိခဲ့ရ၍ သုံးစွဲရန် ရေအဓိကလိုအပ်နေသော ကြောင်ဒူးကျေးရွာမှ ဆရာတော်၊ သံဃာတော် များ၊ ရပ်မိရပ်ဖ ပြည်သူလူထုအပေါင်းတို့အတွက် သောက်သုံးရန်ရေ (ရေသန့်) ပါထွက်ပေါ်လာသော ကြောင့် အထူးဝမ်းသာပျော်ရွှင်ခဲ့ရပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်တကွ ရေတူးဖော်မှုအတွက် လှူဒါန်းခဲ့ကြသော ရေကုသိုလ်ရှင်များအတွက် ကြောင်ဒူးကျေးရွာမှ သာဓု ခေါ်သံတို့သည် မိုးယံထက်သို့ ပဲ့တင်ထပ်လျှက် ရှိနေတော့သည်။
Comments