Naing Oo Nyo (Phoe Zero) - Poem

သားကောင်
နိုင်ဦးညို (ဖိုးဇီးရိုး)
စက်တင်ဘာ ၁၀၊ ၂၀၁၃



ဆီးရီးယား
ဆီးရီးယား၊

နော်အုန်းလှ
နော်အုန်းလှ၊

တရုတ်ခေါ်မင်း
စာဖတ်နေတယ်၊

လက်ပတောင်း
မြောင်းထဲရောက်သွားပြီ၊

ရွှေမန်း
မြောက်ပိုင်းဇာတ်
ငိုချင်းချတီးလုံး
ဧယဉ်ကျူးဖို့ပြင်၊

နှင်းလျှောလာစီးသူတွေ၊
ရေငံသောက်မြက်ခြောက်စားသူတွေ၊
မြူနီစပယ်ရွေးကောက်ပွဲလေ့လာသူတွေ၊
နှစ်ထောင့်တဆယ့်ငါးဈေးပေါင်ကျိုးသူတွေ၊
တောင်းပန်ဖို့ရာတောင်းပန်သူတွေ၊

အိမ်တွင်းနေများ လေဆိပ်အထွက်
ဓါတ်ပုံတွေရိုက်ကြ၊
အိမ်ပြင်ကသူတွေ လေဆိပ်အဝင်
ဓါတ်ပုံတွေရိုက်ကြ၊

ကျားနှစ်မတစ်ရှစ်ဆယ့်ရှစ်
လေယာဉ်စီးရတာမူးတယ်၊

အမြန်ယာဉ်လမ်း
မိုင်တိုင် ရှစ်ဆယ်ရှစ်
လမ်းလျှောက်နေတာ
မှားမယ်၊

တမိုးလုံးဖျောက်ဆိပ်
မိုးရွာရင်မိုးရေချိုးမယ်၊

လက်နက်ကိုင်ငြိမ်းချမ်းရေး
ကာရာအိုကေ တေးမဆိုတော့ဘူး၊

ဗိုလ်ချုပ်ကားဖြစ်မြောက်ရေး
ပဲပြုတ်နဲ့နံပြား ရောင်းကောင်းနေတယ်၊

ခင်ဝင့်ဝါ နောင်အခါ ဘီကီနီ မဝတ်ပါ
တဗုတ်ငါးရာ ဆိုင်းဘုတ်ကိုင်တထောင်၊

အော်ပရာစီတာ မြန်မာအယောက်ငါးရာ
လေယာဉ်စီးလုံး ပုဂံ အလကားငှားသည်
သို့ ရည်စူး၍ လှူဒါန်းသည် သိန်းငါးရာ
မြန်မာတစ်ဂိုး မလေးရှားနှစ်ဂိုး
ဖရီးကစ် သုံခါ အနီကဒ်တခါ၊

မာဒေးကားမှာ
လှဌေးဗဟာဒူး
မပါဘူး၊

ဟင်္သာကိုးသောင်း
မဖတ်ဘူး၊

ခင်ခင်ထူး
မသိဘူး၊

ဒဂုန်တာရာ
သေပြီ
လွမ်းသူ
များတယ်၊

မင်းလူ
ပန်းကျောင်း
ရောင်းမကောင်းဘူး၊

ဒလ
တဘက်ကမ်း  
ရထားလမ်းဖောက်မယ်
ဈေးကောင်းတယ်၊

အို
ကမ္ဘာမြေ
မီးလောင်
သားကောင်
ချနင်း၊

နိုင်းအီလဲဗန်း
နောက်တခါ

ရောက်ပြီ ။   ။

Comments