New Zero's 15th show



 
New Zero ၏ ခြေလှမ်း အမှတ် ၁၅
ရန်နောင် (ဗိုလ်တထောင်)
စက်တင်ဘာ ၂၆၊ ၂ဝ၁၃



နိုင်ငံရေးအကျဉ်းသားဟောင်းနှစ်ဦးရဲ့ ပါဖောမင့်န် (ဓာတ်ပုံ - ရန်နောင်/ဗိုလ်တထောင်)

လူငယ်များအပါအ၀င် အနုပညာရှင်များစွာနှင့် စုစည်းထားသော New Zero Art Group ၏ ၁၅ ကြိမ်မြောက် ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနတ် ပန်းချီပြခန်းတွင် တနင်္လာနေ့က စတင် ကျင်းပခဲ့သည်။

ပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားကို ထိုနေ့ ညနေပိုင်းက ပြုလုပ်ရာ ပန်းချီဆရာများ၊ ပန်းချီချစ်သူများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ဖွင့်ပွဲတွင် ပါဖောမင့်န်ခေါ် တင်ဆက်ခြင်းအနုပညာပြပွဲကိုလည်း တွေ့ခဲ့ရသည်။

ယခု ပြုလုပ်သော ပြပွဲတွင် ပန်းချီဆရာတို့၏ လက်ရာများ၊ New Zero Art Group အနုပညာသင်တန်းသားတို့၏လက်ရာများ ပါဝင်သည်။ အနုပညာရှင် ၆၉ ဦး၏ လက်ရာများကို စုစည်းထားခြင်းဖြစ်သည်။

ပြပွဲကို မနက်ဖြန် သောကြာနေ့အထိ ပြုလုပ်မည်ဟု သိရသည်။

လောကနတ်တွင် ပန်းချီပြပွဲများ ဆက်တိုက် ပြုလုပ်နေသော ရန်ကုန်မြို့၏ သက်တမ်းရင့် ပန်းချီပြခန်းဖြစ်သည်။ သွားလာရလွယ်ကူသောနေရာတွင် တည်ရှိသဖြင့် ပန်းချီပြခန်းနှင့် ပြပွဲ လေ့လာ ခံစားလိုသူတို့အတွက် အဆင်ပြေလျက်ရှိသည်။

လောကနတ် ပန်းချီပြခန်း
အမှတ် ၆၅
ပန်းဆိုးတန်းလမ်း
ရန်ကုန်မြို့
(နံနက် ၉း၃၀ မှ ညနေ ၅း၀၀ အထိ)

Comments