Zaw Htet (Pyinnmanar) - Poem

အမေ့ကို သနားခြင်း
ဇော်ထက် (ပျဉ်းမနား)
စက်တင်ဘာ ၂၉၊၂၀၁၃



ဝံပုလွေတွေကြားမှာ
မေတ္တာတရား
ဟောကြားနေရတဲ့
ကိုယ်လွှာကယဲ့ယဲ့
ငါ့အမေငဲ့
အမေ့ကိုတဲ့လား
ငါ...သနားတယ်။

အသည်းမာခဲ
ကျွဲတွေနားမှာ
စောင်းသံသာခတ်
ကြိုးပြတ်လုလုနဲ့
ငါ့အမေငဲ့
အမေ့ကိုတဲ့လား
ငါ...သနားတယ်။

ပေးပါပေးပါ
သာတူညီမျှမှု
ဘ၀တစ်ခုပေး
ပြည့်ခွင့်ရေးတဲ့
ငါ့အမေငဲ့
အမေ့ကိုတဲ့လား
ငါ...သနားတယ်။

ဘ၀ဆည်းဆာ
ဝင်မှာသူစိုးတာက
ဘ၀ညှိုးရှာသူတွေအတွက်
သူမမြင်ရက်ခဲ့
ငါ့အမေငဲ့
အမေ့ကိုတဲ့လား
ငါ...သနားတယ်။

လှောင်ချိုင့်စံတစ်ဖြစ်
ချစ်သူထံမပြန်အား
ခံနိုင်စွမ်းအားစစ်နဲ့
လူသားတစ်ယောက်ဖြစ်ခဲ့
ငါ့အမေငဲ့
အမေ့ကိုတဲ့လား
ငါ...သနားတယ်။

အများအတွက်
ဘယ်နှစ်ရက်ကျန်
သူတန်တန်တွက်
အားတင်းဆက်ခဲ့
ငါ့အမေငဲ့
အမေ့ကိုတဲ့
ငါ...သနားတယ်။

အတွေးပဲပေး
အဝေးကနေ
အားမတန်လေတော့
အားလျှော့သားတို့ရဲ့
ငါ့အမေငဲ့
အမေ့ကိုတဲ့လား
ငါ...သနားတယ်။


(ခွင့်လွှတ်ပါအမေ)

Comments