တင်လတ်ကို - ပြာတွေ (ကဗျာ)

ပြာတွေ
တင်လတ်ကို
အောက်တိုဘာ ၂၆၊ ၂၀၁၃



ငါတို့ရခဲ့သော စည်းစိမ်ဥစ္စာများ
ပြာများ။

ငါတို့ပိုင်ခဲ့သော လက်တဆုပ်စာများ၊ ကမ္ဘာအနှံ့အပြား
ပြာများ။

ပြာတွေ ဘာလုပ်ရမှာလည်းဆိုပြီး 
ပြာပူပူပေါ်မှ
ပြာများ။

သီချင်းဆိုမလား
စစ်တိုက်ကြမလားဆိုတော့
သီချင်းဆိုရင်း စစ်တိုက်ကြတဲ့
ပြာများ။