ဘေးဧရိယာ၊ ဓမ္မဧရိပ် ဘုံကထိန်ပွဲ ကျင်းပ

 ဘေးဧရိယာ၊ ဓမ္မဧရိပ် ဘုံကထိန်ပွဲ ကျင်းပ
ကျော်နိုင်၊ မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၂၈၊ ၂၀၁၃

၂၀၁၃ ခု အောက်တိုဘာလ ၂၆ ရက်နေ့ ၊ စနေ့ တွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ ဥက္ကလံမြို့ ရှိ ဓမ္မအေးရိပ်ဘုန်းတော်ကြီးကျောင်းတွင် ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

နံနက်ပိုင်းတွင် တက်ရောက်လာသော ပရိတ်သတ်များမှ တရားနာခြင်း၊ အလှူရှင်များမှ ဘုံကထိန်သင်္ကန်းများ ဆက်ကပ်ပူဇော်ခြင်းနှင့် ရပ်နီး၊ ရပ်ဝေးမှ ကြွရောက်လာသော သံဃာတော်များအား ဆွမ်းကပ်ပူဇော်ခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။