နိုင်ဦးညို (ဖိုးဇီးရိုး) - လိုတာထက်ပိုနေသော

လိုတာထက်ပိုနေသော
နိုင်ဦးညို (ဖိုးဇီးရိုး)
အောက်တိုဘာ ၂၁၊ ၂၀၁၃



ဒီမယ်
ခင်ဗျားတို့ ကျုပ်တို့မှာ
မိုးစက်ဝိုင် လောက်
ပြောဖို့ အချိန်မရှိပါ၊
နေရွှေသွေးအောင် လောက်
ပြောဖို့ အချိန်မရှိပါ၊
အာဆီယံဘောပွဲ လောက်
ပြောဖို့ အချိန်မရှိပါ၊

ဧရာဝတီ
ဖျားနာနေပါသည်၊
ဆေးကုသပေးကြပါ၊

မြန်မာပြည်ကြီး
ဖျားနာနေပါသည်၊
ဆေးကုသပေးကြပါ၊

ကမ္ဘာမြေကြီး
ဖျားနာနေပါသည်၊
ဆေးကုသပေးကြပါ၊

ဒေါက်တာရမ်းကု
များနေပါသည်၊

ဆေးကုသပေးကြပါ၊  ။။။