Kyaw Thu - FFSS Yangon Activity,

DKBA မိသားစုတို့၏ မြတ်ဒါနအလှူ
ကျော်သူ (နာရေးကူညီမှုအသင်း)
အောက်တိုဘာ ၅၊ ၂၀၁၃




၎.၁ဝ.၂ဝ၁၃ ရက်နေ့ ညနေ (၅း၃ဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သဘာဝဘေးအန္တရာယ် (ရေဘေး၊ မီးဘေး၊ လေဘေး၊ စစ်ဘေး) အစရှိသည့် လူမှုအကျိုးပြုလုပ်ငန်းရပ်များအား ပိုမိုထမ်းရွက်၍ ဆောင်ရွက်နိုင်စေရန်အတွက် တိုးတက်သော ဗုဒ္ဓဘာ သာ ကရင်အမျိုးသား တပ်မတော်မှ DKBA ကလို့ထူးဘောတပ်(မိသားစု) ဗိုလ်ချုပ်စောလားပွယ် (ခ) ဗိုလ် နှုတ်ခမ်းမွှေးနှင့် ဇနီးဖြစ်သူ ဒေါ်နော်ဖေားဝါးသည် အလှူငွေ ၈ဝဝဝဝဝိ/- (ရှစ်သိန်းကျပ်)တိတိအား နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံသို့ လာရောက်လှူဒါန်းခဲ့သည်။






နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်နှင့် အသင်းသားများတို့မှ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး အသင်း၏ (၁၃) နှစ်တာကာလအတွင်း အများပြည်သူတို့အတွက် ရှေးရှု၍ ကိုယ် ကျိုးမဖက် လုပ်ကိုင်ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ၊ နာရေးကူညီဆောင်ရွက်မှု နှစ်အလိုက်၊ လအ လိုက် ကူညီမှုများ၊ သုခအလင်း-စာကြည့်တိုက်၊ ပညာဒါနသင်တန်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် သဘာဝဘေး အစရှိသည့် လူမှုဒုက္ခများတို့အား မိမိတို့အသင်းအနေဖြင့် အလှူရှင်များတို့မှ သဒ္ဓါတရား ထက်သန်ယုံကြည်စွာ လှူဒါန်းလိုက်သည့် အလှူငွေများတို့အား လိုအပ်နေသူများထံသို့ စနစ်တကျ ကူညီပံ့ပိုး ပေးဆပ်လျှက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင် များတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့တော့သည်။

ယင်းကဲ့သို့ လှူဒါန်းရသည့် ကုသိုလ်ထူးကြောင့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ သဘာဝဘေးနှင့် လူမှုဒုက္ခများ ခံစားနေရသော ပြည်သူတို့အား ပိုမိုတွင်ကျယ်စွာ ကူညီပေးနိုင်မည် ဖြစ်သဖြင့် အလှူရှင်ဖြစ်ကြသော DKBA ကလို့ထူးဘောတပ်(မိသားစု) ဗိုလ်ချုပ်စောလားပွယ် (ခ) ဗိုလ် နှုတ်ခမ်းမွှေးနှင့် ဇနီးဖြစ်သူ ဒေါ်နော်ဖေားဝါး တို့၏ လှူဒါန်းမှု မြတ်ဒါနကုသိုလ်သည် ပြုသောကောင်းမှု အကြောင်းစုသော် သာယာအေးမြ ဘေးဘယာကင်းလို့ အေးငြိမ်းချမ်းသာ တိုင်ပါစေသော် …. ။

Comments