SEA Game အကြို လှုံ့ဆော်ရေး လူရွှင်တော်တွေ ချစ်ကြည်ရေးကန်ကြမည်

SEA Game အကြို လှုံ့ဆော်ရေး လူရွှင်တော်တွေ ချစ်ကြည်ရေးကန်ကြမည်
မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၁၄၊ ၂၀၁၃
            မကြာမီ လာတော့မယ့် အာရှကစားပွဲတော် - ဆီးဂိမ်းပြိုင်ပွဲ အကြို၊ လှုံ့ဆော်ရန် ရန်ကုန်လူရွှင်တော်များအသင်းနဲ့ မန္တလေး လူရွှင်တော်များအသင်းတို့က ချစ်ကြည်ရေးဘောလုံးပွဲ ကန်ကြမယ်။ ရန်ကုန်မြို့၊  အောင်ဆန်းအားကစားဝင်း၊ အောက်တိုဘာ ၂၂၊ အင်္ဂါနေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဝင်ကြေး ၁၀၀၀ ကျပ် သတ်မှတ်ထားပြီး ရရှိသည့်ရန်ပုံငွေများကို သက်ကြီးရွယ်အို နာမကျန်းဖြစ်နေတဲ့ လူရွှင်တော်ကြီးများအတွက် ထားရှိပါမယ်။
အဆိုပါပွဲတော်ကို လူရွှင်တော်များအသင်းက ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။
လူရွှင်တော်အသင်းကို ဥက္ကဌ ဒိန်းဒေါင် ၊ ဒုဥက္ကဌ ခင်လှိုင် ၊ အတွင်းရေးမှုး အောင်သော်၊ တွဲဖက်အတွင်းရေးမှုး ပန်းသီး ၊
တို့နဲ့ စတင်ဖွဲ့ စည်းထားတယ်လို့ သိရပါတယ်။