သစ်ကောင်းအိမ် - သက်ကယ်ရိတ်ဖို့ သွားခဲ့တယ်

သက်ကယ်ရိတ်ဖို့သွားခဲ့တယ်
သစ်ကောင်းအိမ်
နိုဝင်ဘာ ၉၊ ၂၀၁၃




ယုန်အဖြစ်ကလည်း ယုံစရာမကောင်းဘူး
ကျားအဖြစ်ကလည်း ကြားလို့မကောင်းဘူး

တကမ်းလုံးကန်းနေတဲ့ အလင်းကန်းထဲ
အလင်းနို့မစို့ရလို့ 
လင်းနို့အဖြစ်နဲ့သာကျေနပ်နေရ

ညပြက်ကြီး…..

တောတိုးသွားတဲ့ကြောင်
တောကြောင်ပြန်ဖြစ်ခဲ့

မနက်ဖြန်ဆို
ဒလဘက်ကမ်းက
လဒတွေပျံသန်းလာတော့မယ်။ ။


(၁၁ ရက် မတ်လ၊ ၂၀၀၉)