တောင်ငူ ရေဘေး၊ ထောက်ပံ့ကူညီမှုများ၊ ဆက်လက်လိုအပ်လျက်ရှိ
သော်တာ၊ နိုဝင်ဘာ ၇၊ ၂၀၁၃
အောက်တိုဘာလကုန်ပိုင်းက ရွာသောမိုးကြောင့် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည့် တောင်ငူမြို့မှ ဒေသခံတစ်သောင်းကျော်မှာ တစ်ပတ်ခန့် ကြာသည်အထိ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက် ခိုလှုံနေရဆဲဖြစ်ကြောင်း တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူမြို့နှင့် ရေတာရှည်မြို့ ရှိ ဒေသခံရွာများတွင် အောက်တိုဘာ ၂၈ ရက် မှ စတင်ကာ ရေဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ဒေသခံလူဦးရေ သုံးသောင်းခွဲ နီးပါး ရေဘေးသင့်ခံခဲ့ရသည်။ ရေတာရှည်မြို့ ရေဘေးတွင် နှစ်ဦးသေဆုံးခဲ့ပြီး လူဦးရေ တစ်သောင်းကိုးထောင်ကျော် ရေဘေးသင့်ခဲ့ရသော်လည်း နိုဝင်ဘာ ၂ ရက်မှ စတင်ကာ ရေပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး
အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ရေကကျတယ်ဆိုပေမယ့် တောင်ငူမြို့ပေါ်အပြင် ကျေးရွာတွေမှာရှိတဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ မြုပ်နေတုန်းပဲ။ အိမ်တွေမှာ ပြန်နေလို့မရသေးလို့ လူဦးရေတစ်သောင်းကျော်လုံး ကယ်ဆယ်ရေးစခန်းမှာပဲ လက်ခံထားရပါတယ်” ဟု ထွေ/အုပ်ရုံးတာဝန်ရှိသူတစ်ဦးကေ ပြာသည်။

တောင်ငူမြို့ပေါ်ရပ်ကွက် ရှစ်ခုနှင့် ကျေးရွာငါးရွာတွင် ကယ်ဆယ်ရေးစခန်း ၃၀ ဖွင့်လှစ်ထားရဆဲဖြစ်ပြီး လူဦးရေ တစ်သောင်းကျော်မှာ နေရပ်မပြန်နိုင်သေးကြောင်း၊ ခေါင်ရမ်းရွာ၊ မြင်းစုရွာ နှင့် သာဂရရွာ အစရှိသောရွာများမှ တချို့သာမိမိနေအိမ်သို့ပြန်နို
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် အောက်တိုဘာ ၃၁ ရက်က တိုင်းထွာရရှိခဲ့သည့် ရေမှတ် ၂၃ ပေကျော်(၇၁၃) စင်တီမီတာသည် နှစ်ပေါင်း ၄၈ နှစ်အတွင်း ဒုတိယအမြင့်ဆုံးရေမှတ်ဖြစ်ကြော