ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် ရခိုင်များ စာပို့တောင်းဆို

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် ရခိုင်များ စာပို့တောင်းဆို
ခိုင်အောင်ကျော် (နယူးယောက်)၊ နိုဝင်ဘာ ၄၊ ၂၀၁၃

( ရခိုင်ပြည်နယ်၏ ဖြစ်ပျက်နေသော အရေးကိစ္စကို ဥပဒေနှင့် အညီ ချက်ချင်းဆောင်ရွက်ပေးပါရန် အမေရိကပြည်ထောင်စု ရောက် ရခိုင်လူမျိုးများမှ အိတ်ဖွင့်ပေးစာ  )

သို့ 
သမ္မတ ဦးသိန်းစိန်ဦးခင်ရီ -လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးရဲထွဋ-ဒု ပြန်ကြားရေးဝန်ကြီး ( ပြောရေးဆိုခွင့်ရှိသူ )ဦးလှမောင်တင် -၀န်ကြီးချုပ်-ရခိုင်ပြည်နယ် အစိုးရမြန်မာနိုင်ငံ 

-ရက်စွဲ -၂-၁၁-၂၀၁၃ 
လေးစားစွာဖြင့် ။           ။   ရခိုင်ပြည်နယ်၏ ဖြစ်ပျက်နေသော ပြသနာများကို ထိရောက်စွာ ဖြေရှင်းပါရန် 

၁-။          ။    ရခိုင်ပြည်နယ် ပေါက်တောမြို့ နယ်တွင် ရခိုင်အမျိုးသမီးတဦးအား ရက်စက်စွာ ၀ိုင်းဝန်းသတ်ဖြတ်ပြီး အခြားအမျိုးသမီးများ ကိုယ်လက်အင်္ဂါဆုံးရှုံး ခဲ့ ရသည့် ကြောက်မက်ဘွယ်ဖြစ်ရပ်များသည် နိုဝင်ဘာ-၂-ရက်နေ့ က ဖြစ်ပွားခဲ့ ပါပြီ ။ ဤဖြစ်ရပ်မှာ ရာဇ၀တ်ပြစ်မှုဖြစ်ပြီး ပဋိပက္ခမဟုတ်သေးကြောင်း သိရှိနားလည်ပါသည် ။ သို့ သော် ၄င်းပြသနာသည် ပဋိပက္ခတစ်ရပ်ဆီသို့  ဦးတည်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ချက်များကိုကြည့်ခြင်းအားဖြင့် သိရှိနေရပါသည် ။

၂-။        ။    ရခိုင်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ချက်မှာ ပေါက်တောမြို့ နယ် ဆင်အိုင်ကျေးရွာတွင် လုံခြုံရေးကိုသာ ချပေးထားသည်ဟု ပါရှိသည်ကို တွေ့ ရှိရသော်လည်း ရာဇ၀တ်မှုပြစ်မှုများကို ကျူးလွန်သူများအား ဥပဒေအရ ဖမ်းဆီးအရေးယူခြင်းမျိုးကို ယခုအချိန်ထိ မပြုလုပ်သေးကြောင်း ပြည်တွင်းမှ ပေးပို့ လာကြသော သတင်းများအရ ကြားသိရပါသည် ။ ထို့ ကြောင့် ရာဇ၀တ်ပြစ်မှုမှသည် ပဋိပက္ခတစ်ရပ်ဆီသို့  ဦးတည်နေပြီဖြစ်ကြောင်း သုံးသပ်ရခြင်းဖြစ်ပါသည် ။

၃-။        ။   ရခိုင်ပြည်တွင်-NGOs-INGO-များသည် မည်သည့်နိုင်ငံတကာမှ  အစိုးရလည်း မဟုတ်- အစိုးရများမှ ခိုင်းစေခန့် အပ်ထားသော သူများလည်း မဟုတ်ကြ ။ စိတ်တူသဘောတူ ၀ိုင်းပြီး ငွေကြေးစုဆောင်းကာ တစ်ဦးတည်းက ဖွဲ့ စည်းသော အဖွဲ့ လည်းဖြစ်သလို လူအများလည်း စုပေါင်းဖွဲ့ စည်းထားသော အဖွဲ့ သက်သက်သာဖြစ်သည် ။ တစ်ချို့ အဖွဲ့ တွင် ငွေကြေးမတတ်နိုင်လျှင် သက်ဆိုင်ရာ သူတို့ အစိုးရထံမှ ငွေကြေးတောင်းခံ၍ ဆောင်ရွက်နေကြသော အဖွဲ့ အစည်းများဖြစ်သည် ။ ၄င်းအဖွဲ့ အစည်းများတွင် ၀င်ရောက်လုပ်ကိုင်နေကြသော သူများသည် လခစားဝန်ထမ်းများသာဖြစ်၍ မည်သည့်အစိုးရ၏ ရာထူးရှိသူများလည်း မဟုတ်ကြချေ ။ သို့ သော် ရခိုင်ပြည်တွင် တာဝန်ထမ်းဆောင်နေကြသော ၄င်းအဖွဲ့ အစည်း၏ ဆောင်ရွက်နေချက်များကို ကြားသိနေရသည်မှာ လူထုနှင့် အဆင်မပြေမှုများကို တွေ့ မြင်နေရပါသောကြောင့် ၄င်းအဖွဲ့ တို့ ၏ လုပ်ပိုင်ခွင့်များကို ထိမ်းချုပ်ပေးရန် ကျွန်တော်တို့ မှ လိုလားပါသည် ။ 

၎-။        ။ အကယ်၍ ၄င်းအဖွဲ့ တို့ ၏ ဆောင်ရွက်နေခြင်းများကို ယခုကဲ့ သို့  လက်လွပ်စပယ် ဥပက္ခာ ပြုမူထားပါက မလိုလားအပ်သော အရေးကိစ္စများ ထပ်ဆင့်ဖြစ်ပွားလာနိုင်ပါတော့ကြောင်း သိစေအပ်ပါသည် ။ 

၅ -။       ။  ရခိုင်ပြည်နယ်တွင် မည်သည့်ပြသနာများကို မဆို ကျူးလွန်သူများမှာ ဘင်္ဂလီကုလားများသာ ဖြစ်နေသည် ။ ၄င်းပြသနာများသည် ရာဇ၀တ်မှု များဖြစ်သည် ။ ရာဇ၀တ်မှုများမှာ ရဲအရေးပိုင်သော ပြစ်မှုများဖြစ်သောကြောင့် ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် လိုသည် ။ အကယ်၍ ပြသနာကို ထိရောက်စွာ မဆောင်ရွက်နိုင်လျှင် ကြီးမားသော ပဋိပက္ခများဖြစ်လာတတ်သော မကြာသေးခင်က သင်ခဏ်းစာများကို နှလုံးမူပြီး အမြန်ဆောင်ရွက်ပေးကြပါရန် တင်ပြအပ်ပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )
နှင့်  အမေရိကရောက် ရခိုင်များ