ကျွဲ နွားများ တရားမ၀င်ရောင်းချနေခြင်း (မိုးမခပေးစာ)

ကျွဲ နွားများ တရားမ၀င်ရောင်းချနေခြင်း (မိုးမခပေးစာ)
အင်္ဂပူဒေသ တောင်သူတဦး
နိုဝင်ဘာ ၂၇၊ ၂၀၁၃


ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ညောင်ကျိုးဒေသကိုဖြတ်ကျော်ပြီး ကျွဲနွားများကို နွားပွဲစားများမှ  တရားမ၀င် ၀ယ်ယူပြီး တပတ်လျှင် အကောင် (၃၀) ခန့် တင်ပို့ရောင်းချနေပါသည်။ သက်ဆိုင်ရာ အာဏာပိုင်များကို အခကြေးငွေများပေးထားသောကြောင့် တရားမ၀င် သယ်ဆောင်ခွင့်ကိုရနေပြီး တရားမ၀င်နွားပွဲစားများမှ ပေါ်ပေါ်တင်တင်သယ်ယူနေကြပါသည်။

နွားတစ်ကောင်လျှင် လိုင်းကြေး ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိပေးရပြီး၊ ဒေသအတွင်းမှာလည်း နွားများရှားပါးမှုများနှင့် ကြုံတွေနေရပါသည်။ ယခင်ကနွားတစ်ကောင်လျှင် သုံးသိန်းဝန်းကျင်ခန့် ၀ယ်ယူရရှိသော်လည်း ယခုအခါ ခိုင်းနွားတစ်ကောင်ကို ငါးသိန်းခန့်ပေးဝယ်နေရသော်လည်း ခိုင်းနွားကောင်း (နွားချော/နွားလှ) များမှာမရှိသလောက်ရှားပါးနေပါပြီ။ တောင်သူများအတွက်လည်း အခက်အခဲများဖြစ်ပေါ်နေကြောင်းကို သက်ဆိုင်ရာအာဏာပိုင်များကို သိစေချင်ပါသည်။တရားမ၀င်နွားသယ.်ဆောင်သူများသည် ပဲခူးတိုင်းအတွင်းရှိ နွားပွဲကိုပို့ဆောင်ရောင်းချနေကြောင်းသိရှိပါသည်။