နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
နိုဝင်ဘာ ၁၈၊ ၂၀၁၃
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပွဲတော်ကြီးအား ၁၆.၁၁.၂ဝ၁၃ ရက်နေ့တွင် ဝန်ထမ်းများ၊ အသင်းသား/သူများတို့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုကာ စည်း လုံးညီညွတ်စွာ အားကြိုးမာန်တက် စီစဉ်ဆောင်ရွက်၍ ပျော်ရွှင်စွာဖြင့် ဆင်နွှဲကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ်နေ့တိုင်း သောကအပူမီးများဖြင့် ကြုံတွေ့နေခဲ့ရ၍ ယခု ကဲ့သို့ ဘာသာရေးပွဲတော် ကထိန်ပွဲတော်နေ့ရက်တွင် ခေတ္တခဏ အပူမီးများကို ငြိမ်းသတ်နိုင်ခဲ့ကြကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မခိုမကပ် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီခဲ့ကြသည့် နာရေးကူညီမှုအ သင်း(ရန်ကုန်)၏ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ အသင်းသား/သူများ၊ ကိုခင်မောင်အေးနှင့်အဖွဲ့၊ ရှမ်းဒိုးပတ်အဖွဲ့၊ မီးအလှဆင်ပေးခဲ့သော MOE စတိတ်ရှိုး မီးပစ္စည်းများ ရောင်းဝယ်ငှါးရမ်းရေးအဖွဲ့၊ ကင်မရာ ရိုက်ကူးပေးခဲ့သော ကိုအရှည်လေး တို့နှင့် အဖက်ဖက်မှ ဝိုင်းဝန်း၍ ကူညီပံ့ပိုး ပေးခဲ့ကြသူများ အားလုံး အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၂) ကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်မှ မှတ်တမ်းတင်ဂုဏ်ပြု လိုက်ရပါတော့သည်။