"ရာသီပေါ်" - Saung Yun La

"ရာသီပေါ်"
ဆောင်းယွန်းလ၊ နိုဝင်ဘာ ၉၊ ၂၀၁၃

နေရင်းထိုင်ရင်း နေသာထိုင်သာရှိအောင်
ချဉ်ခြင်းတွေတပ်နေပုံက
ခင်ဗျားတို့မလဲ နေ့ရှိရှိညရှိရှိ
ထစ်ခနဲဆို ထစ်ကနဲ နေတော့တာပဲ။
သနားလို့ ပါးကလေးပေးကိုင်ရင်
နားရွက်ကို ရန်ရှာတယ်
နှုတ်ခမ်းကလေး ပေးနမ်းတော့
မျက်လုံးတွေပေါ် တက်သရမ်းတယ်။
နှစ်တွေအကြာကြီး လိပ်ဥဖွက်တမ်းကစား လာခဲ့ပြီးမှ
အခုလို နေမပွင့်တပွင့် ရာသီဥတုမှာ
စစ်တိုက်တမ်းကစားဖို့ ကျင့်ရတာ မမောဘူးလား။
ဟော...ပြောရင်းဆိုရင်း ...
ဟိုရှေ့လမ်းကျဉ်းကျဉ်းမှာ
နောက်ထပ် လက်ဖြောင့်တပ်သားတယောက်