ပန်းချီဆရာ ဇော်မင်းထူး၏ တကိုယ်တော်ပြပွဲ
မိုးမခအထောက်တော် အမှတ် ဝဝ၆
ပန်းချီဆရာ ဇော်မင်းထူးက သူ၏ တကိုယ်တော်ပြပွဲကို အင်္ဂါနေ့မှာ
ကြာသပတေးနေ့အထိ ရန်ကုန်မြို့တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။
Tai ဟု အမည်ပေးထားသည့်
အဆိုပါပြပွဲပြုလုပ်မည့် ပန်းချီခန်းမမှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်း၊
အလယ်လမ်း၊ အမှတ် ၁၆၁ ရှိ Art
Plus အနုပညာပြခန်းဖြစ်ပြီး ပန်းချီချစ်သူများ
လာရောက်ကြည့်ရှုနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
ဆရာဇော်မင်းထူးသည် ရှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့
သစ္စာပြတင်း အနုပညာအုပ်စု အဖွဲ့ဝင်ဖြစ်သည်။
ပန်းချီဆရာသည် ၁၉၇၈ ခုနှစ်ဖွား၊ ရွှေတောင်မြို့ဇာတိဖြစ်ပြီး
ဦးသန်းဇော်၊ ဦးအောင်လတ်၊ ဦးတင်အောင်၊ ဦးဝင်းဖေမြင့်တို့ထံတွင် ပန်းချီပညာ
လေ့လာခဲ့သည်။