သန်းဝင်းလှိုင် - သဟာယ ဆရာတင်

သဟာယဆရာတင်
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၁၉၊ ၂၀၁၃



သဟာရဆရာတင်သည် ဂီတမျိုးရိုးမဟုတ်ပါဘဲလျက် ဂီတဘက်တွင်ထူးချွန်ပေါက်ရောက်ခဲ့သော ပညာရှင်တစ်ဦးဖြစ်သည်။ ဆရာတင် ခေါ်မောင်တင်သည် ပြည်မြို့ပွဲစားတန်းရပ် ပွဲစားကြီးဦးဘိုးလူနှင့် ပွဲကတော်ဒေါ်ဒေါ်အုံးတို့၏ သားသမီးခြောက်ယောက်အနက် တတိယ သားဖြစ်သည်။ မောင်တင်ကို သက္ကရာဇ် ၁၂၇၂ ခုနှစ်၊ ၀ါဆိုလဆန်း (၅) ရက် (၁၉၁ဝပြည့်နှစ်၊ ဇွန်လ ၁၁ ရက်)စနေနေ့တွင်ဖွားမြင့်ခဲ့ သည်။ 
ငယ်စဉ်ကပြည်မြို့အစိုးရစဟိုက်စကူးကျောင်းတွင်ကျောင်းနေခဲ့ရာ ခုနှစ်တန်းအောင်မြင်ခဲ့၏။ ကျောင်းနေစဉ်ကပင်မောင်တင်သည် တူရိ ယာဂီတ အကခုန်ဘက်တွင် အထူးတလည်ဝါသနာပါခဲ့၍ အပျော်တမ်းမင်းသာလုပ်ကာကခုန်ခဲ့သည်။ မောင်တင်သည်အတီးပညာ ကိုလေ့လာသော်လည်း ဟုတ်တိပတ်တိကားမတတ်ပေ။ မင်ဒိုလင်ကိုအသံရှာနိုင်ရုံလောက်မျှသာတီးနိုင်ပေသည်။ မောင်တင်သည် ဤသို့ ဇာတ်သဘင်ဘက်တွင် ၀ါသနာထုံနေသည့်အဖြစ်ကို မိဘများကမနှစ်သက်သောကြောင့် အိမ်ပြေးကျောင်းပြေးဘဝသို့ရောက်ခဲ့သည်။ ရန် ကုန်မြို့သို့သူငယ်ချင်းများနှင့်အတူ ကျောင်းပိတ်ရက်တွင်အလည်သွားရင်း အိမ်မပြန်ဘဲကိုယ်ဖျောက်နေခဲ့ရာ သုံးနှစ်မျှရှာမတွေ့ဖြစ်ကာ မိ ဘများသည်လည်း ပူပင်သောကဖြစ်ခဲ့ရလေသည်။ 

ထို့နောက်ရန်ကုန်မြို့၌ကျောင်းပြန်နေခဲ့စဉ် ရန်ကုန်အရှေ့ပိုင်းရေကျော်ရပ်ရှိ လူငယ်များစုပေါင်းဖွဲ့စည်းထားသည့် လူငယ်များမြှင့်တင်ရေး သဟာယအသင်းတွင် အရေးပါသောသူတစ်ယောက်ဖြစ်လာခဲ့ပေသည်။ တစ်ခါသော် ထိုအသင်းက ကစားခုန်စားပွဲတွင်အနိုင်ရ၍ အောင် ပွဲခံသည့်အနေနှင့် ယူနီဗာစတီမြသန်းကြည်အငြိမ့်ကို ငှားရမ်းကပြခဲ့ရာ မောင်တင်သည်အကြောင်းအားလျော်စွာ အသင်း၏ရည်ရွယ်ချက် နှင့်လုပ်ငန်းစဉ်များပါဝင်သောသီချင်းတစ်ပုဒ်ကိုမြသန်းကြည်အတွက်ရေးပေးခဲ့ရသည်။မြသန်းကြညသည်ထိုခေတ်က ထိပ်တန်းအငြိမ့်မင်း သမီးတစ်ဦးဖြစ်နေရာ မောင်တင်၏သီချင်းစာကို ဆိုရသည်ဟူသောအကြောင်းမှာ မောင်တင်အဖို့အခွင့်ထူးကြီးပင်ဖြစ်၍ အတော်ပင်ကျေနပ် နှစ်သိမ့်လျက်သီချင်းရေးဆရာလုပ်တော့အံ့ဟု ကျောင်းဆက်မနေဘဲတူရိယာဂီလောကသို့ ကူပြောင်းသွားလေသည်။ ထို့ပြင်မောင်တင်အား မြော်တောင်မြှောက်ပေးသည်မှာ သဟာယအသင်းဖြစ်၍ ထိုအသင်းကိုခြေကုပ်ယူကာ သီချင်းများကိုစတင်ရေးခဲ့ရသောကြောင့် ကလောင်အမည်ရွေးရာတွင်အသင်းအမည်ရှေ့ကထားပြီးလျှင် “သယာယမောင်တင်” ဟုမှည့်လိုက်လေသည်။

မောင်တင်သည် မြသန်းကြည်နှင့် မိတ်ဆွေဖြစ်ကြသည်မှစ၍ နောင်တွင်လည်းယူနီဗာစတီမြသန်းကြည်၊ ချင်းမကလေးအောင်စိန်၊ တက္က သိုလ်ပြည်သိမ်းတင်၊ ဘားမားဒေးသြဘာကြည်၊ တလိုင်းမ မမြကြင်၊ နာဂရာညွှန့်၊ ဥသြမယ်တင် စသည့်အငြိမ့်မင်းသမီးများအတွက် သီ ချင်းများ(၂ဝဝ)ကျော်ရေးသားပေးခဲ့ရသည်။ များအကြာမီကုမ္ပဏီများနှင့်ဆက်သွယ်မိ၍ ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီ၊ အမြွှာညီနောင် ဓာတ်ပြားကုမ္ပဏီနှင့် အိုဒီအုံးဓာတ်ပြားကုမ္ပဏီတို့အတွက် သီချင်းများရေးသားပေးခဲ့ရပြန်သည်။ 

ထို့နောက်အေဝမ်းဖလင်ကုမ္ပဏီ၏ တူရိယာဆိုင်ရာဘက်တွင် တာဝန်ခံအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့၍ ထိုခေတ်ကအေဝမ်းဖလင်မှ ရိုက်ကူး သောအသံတိတ်ဇာတ်ကားများအတွက် သီချင်းအများအပြားရေးပေးခဲ့ရလေသည်။ ရုပ်ရှင်ပညာကိုလည်းအစအဆုံး အောက်ခြေသိမ်းနား လည်ကျွမ်းကျင်လာခဲ့လေသည်။ အေဝမ်းဖလင်ကုမ္ပဏီရောက်ပြီးမကြာမီမှာပင်“သဟာယဆရာတင်”အဖြစ် ကျော်ကြားလာခဲ့သည်။ 

သဟာယဆရာတင်သည် အငြိမ့်မင်းသမီးများအတွက် သီချင်းပုဒ်ရေ(၂ဝဝ)ကျော်ရေးပေးခဲ့ရာ အငြိမ့်လောကတွင်အောင်မြင်သည်ဟုဆိုရ သော်လည်း အထွတ်အထိပ်သို့မရောက်ခဲ့ပေ။ ထို့ပြင်သဟာယဆရာတင်သည် ရုပ်ရှင်သီချင်းအများဆုံးရေးသားခဲ့၍ ထိုပညာဘက်တွင် သူမတူအောင်ကျွမ်းချင်ခဲ့လေသည်။ သီချင်းရေးရာတွင် မယ်ဒိုလင်ကလေးတစ်လုံးရလျှင် ခဏချင်းနှင့်သီချင်းတစ်ပုဒ်ဖြစ်သည်။ ခဲခဲယဉ်း ယဉ်းကြိုးပမ်းနေစရာမလို။ အသံများလည်းလွယ်ကူ၍ ချောမွေ့ပြေပြစ်သည်။ “စကားလုံးကလေးများမှာလည်း ချစ်စဖွယ်ရှိလှသည်။ အ ထောင့်အကွေးအဖုအထစ်မရှိပေ။ လူတိုင်းသီဆိုနိုင်သည့် အသွားမျိုးဖြစ်သည်။ သို့သော်အေဝမ်းဓာတ်ပြားခေတ်ရောက်မှပင်လျှင် သဟာ ယဆရာတင်အောင်မြင်မှုသည် အထွတ်အထိပ်သို့ရောက်ခဲ့လေသည်။ တစ်နည်းဆိုသော်သဟာယဆရာတင်သည် အငြိမ့်အဆိုတော်၊ ဇာတ်အဆိုတော်များနှင့် များစွာမဟပ်မိဘဲ အရပ်သားအဆိုတော်များနှင့်ကျခါမှ အဆင်ပြေခဲ့သည်ဆိုရပေမည်။ 

သဟာယဆရာတင်သည် အေဝမ်း(သဘင်ဝန်တံဆိပ်) ဓာတ်ပြားကုမ္ပဏီ၏လူထုအသည်းစွဲအဆိုတော်များဖြစ်ကြသည့် ပြည်လှဖေ၊ မေ ရှင်၊ မလှရွှေတို့အတွက် သီချင်းများကိုရေးပေးခဲ့ရလေသည်။ အေဝမ်းဓာတ်ပြားခေတ်တွင် သဟာယဆရာတင်ရေးသားခဲ့သည့် သီချင်း များအနက် စာသားချည်းသက်သက်ဖတ်လျှင်လည်း အဓိပ္ပါယ်အဆက်အစပ်ကောင်းမွန်၍ လှပသောစကားလုံးကလေးများ၊ ကဗျာ၏ကာ ရန်ယူထားသောစကားစုကလေးများကိုတွေ့နိုင်သည့်အပြင် အသံအခက်အခဲ အသွားအခက်ခဲမရှိ လွယ်ကူချောမွေ့ပြေပြစ်ကာ လူတိုင်းပါး စပ်ဖျားတွင် လွယ်လွယ်ကူကူသီဆို၍ရသောအသံမျိုးဖြင့်ဖန်တီးထားသည့် “အောင်ခြင်းရှစ်ပါး”သီချင်းနှင့် မည်သည့်ရှုထောင့်ကပင်ကြည့် ကြည့် အဘက်ဘက်မှပညာသားပါ၍ အနှစ်သာရနှင့်ပြည့်စုံလေးနက်သော “စန္ဒကိန္ဒရီ”သီချင်းနှစ်ပုဒ်နှင့်ပင်လျှင် သဟာယဆရာတင်အား ဂီတစာဆိုများ၏ ထိပ်ဆုံးတန်းသို့ပို့နိုင်သည်ဟုဆိုကြလေသည်။ 

ထို့ပြင်သဟာယဆရာတင်ရေးသားခဲ့သည့် ချစ်ရေစင်၊ ချစ်ပွဲဝင်၊ ရွှေပြောင်ပြောင်၊ ဂုဏ်မြင့်သူစသည့်သီချင်းများလည်း ထိုခေတ်ကလူငယ် လူရွယ်များ၏ပါးစပ်ဖျားတွင် ထပ်မနားရစ်ဝဲခဲ့သည့် သီချင်းများဖြစ်သည်။ ရှေးဘုရင်၊ ရွှေနန်းတက်ပွဲ၊ ခေတ်ပြောင်းချိန်၊ ဖုတ်သွင်းရထား၊ ဗိုလ်အောင်ကျော်၊ အာရှတိုက်သား၊ ဗမာ့သူရဲကောင်း၊ အာရှလူငယ်၊ ဥဒါန်းတယ်မကြေ၊ ဗိုလ်ချုပ်အောင်ဆန်းစသည့်နိုင်ငံရေးသီချင်းများ ကား မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးအတွက်ရေးစပ်ခဲ့သောသီချင်းများဖြစ်သည်။

သဟာယဆရာတင်သည် ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင်မူ လခစားမလုပ်တော့ပဲ ရုပ်ရှင်ကုမ္ပဏီများရိုက်ကူးခဲ့သောဇာတ်ကားများအတွက် သီချင်းများနှင့်ပြဇာတ်များအတွက် သီချင်းများကိုကန်ထရိုက်စနစ်နှင့်ရေးသားပေးခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လတွင်ဗိုလ်ချုပ်အောင် ဆန်းနှင့် အာဇာနည်များကျဆုံးခဲ့စဉ်က ဗမာ့သားကောင်းသီချင်းနှင့် လွမ်းမပြေတဲ့သီချင်းနှစ်ပုဒ်ဖြင့် ဗိုလ်ချုပ်ကိုမှတ်တမ်းတင်ခဲ့သည်။

ထိပ်တန်းဂီတစာဆိုကြီး သဟာယဆရာတင်သည် ဝမ်းကိုက်ရောဂါဖြင့် သက္ကရာဇ် ၁၃၁ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန၃်း (၂)ရက်(ခရစ် နှစ် ၁၉၄၉ ခုနှစ်၊ မတ်လ၃ဝ ရက်) ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်သောင်း၊ သားမောင်ခင်ညွှန့်၊ မောင်ထွန်းမြင့်၊ သမီးမာပျိုနှင့်မာချိုတို့ကျန်ရစ်ခဲ့သည်။