ဖြစ်ပျက်ခြင်းနဲ့ တထောင့်တည
ဘုန်းထက်လေလွင့်
ဒီဇင်ဘာ ၃၊ ၂၀၁၃
ကျေနပ်စရာ အသင့်အတင့်က နေ့ရက်တွေပေါ် ကခုန်နေတယ်။
ကိုယ့်အိုးနဲ့ကိုယ့်ဆန်ကတော့ လုံလောက်….
အပူအပင်ဆိုတာ လူငယ်ဆိုတာနဲ့ လန့်ပြေးသွားရ…
အလိုက်သင့်လေး မျောပါနေယုံ….တိမ်လိုလွင့်….
မှိုလိုပေါက်နေတဲ့ အသစ်အဆန်းတွေကို လျစ်လျူရူဖို့
ခေတ်ကလက်မခံတော့လည်း……
လိုချင်မှုတွေက လိုက်မမှီအောင် အပြေးမြန်နေတယ်။
စုပုံထပ်နေတဲ့ လိုအပ်ခြင်းဟာ…..
ကောင်းကင်တစ်ခုလုံးထွန်းလင်းလို့
မနက်လင်းတိုင်း ဘ၀င်မကျအောင် ဆေးထိုး
အဆင်မပြေဘူး…အဆင်မပြေဘူး..။
ကြာရင် မလွယ်ဘူး….အဖြူရောင်ကိုရွေးချယ်ဖို့
နှစ်သက်စရာ ရိုးသားခြင်းတွေ ပျောက်ဆုံးတော့မယ်။
ရေတိမ်နစ်ရင်တောင် ကယ်မဲ့ လက်တစ်စုံမဲ့
ခေတ်ကရေးတဲ့ သမိုင်းကဒါလား…
ရေဆန်ကိုဆန်တက်ဖို့ အပေးအယူအနေနဲ့
ညင်သာစွာ နုံအပါရစေ…..
တစ်ခါ…နှစ်ခါ….သုံးခါ…ဖြစ်ပြီး
ပျက်ဆိုပေမဲ့.........။