သစ်ကောင်းအိမ် - စကားလုံး သက်သက်များ

စကားလုံး သက်သက်များ
သစ်ကောင်းအိမ်
ဒီဇင်ဘာ ၂၉၊ ၂၀၁၃



ဒီမနက်တော့

ငါတို့မြစ်ကို 
ငါတို့အချစ်နဲ့ ကာကွယ်ကြ...
ဆိုတဲ့
ဝါကျတကြောင်း
ခလုပ်နှိပ်လိုက်မိတဲ့
မောင်းချဓားတချောင်းလို
ကျနော့်ခေါင်းထဲက
ဖြောင်းခနဲပွင့်လာတယ်

ကိုယ်တိုင်ကလည်း
စကားလုံးသက်သက်သမားဆိုတော့

ပတ္တမြားကျောက်စီဓားဆိုတာကလည်း
ကြက်သွန်လှီးမရ...
ထင်းခွေမရ...
မြက်တပင်တောင် ရှင်းမရဘဲနဲ့
အလှကြည့် စုတ်သပ်

အံ့သြမှင်သက်ကြရုံသက်သက်ဆိုရင်တော့....