ဇော်ဝင်းထွဋ် ၅၀ ပြည့် ဂီတပွဲ စည်ကား
ရန်နောင် (ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ ဇန်န၀ါရီ ၂၇၊ ၂၀၁၄

အဆိုတော် ဇော်ဝင်းထွဋ်၏ အသက် ငါးဆယ်ပြည့် ရွှေရတုအထိမ်းအမှတ် စင်မြင်
့ဖျော်ဖြေပွဲကို ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၅ ရက် စနေနေ့  ည ၇ နာရီတွင်
ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ
ကျင်းပခဲ့ ပါသည်။
မွေးနေ့ အမှတ်တရပွဲ ဖြစ်သဖြင့်  အခြား နာမည်ကြီး အဆိုတော်များကလည်း မွေးနေ့လက်ဆောင်အဖြစ်
တေးသီချင်းများ သီဆိုပေးခဲ့ကြသည် ။ ထူးအယ်လင်း ၊ လင်းလင်း
၊ စည်သူလွင်၊ ဆုန်သင်းပါရ်၊ ကော်နီ ၊မေဆွိ ၊ ဟေမာနေဝင်း ၊အဲလက်စ်၊ မျိုးကျော
့မြိုင် ၊ အီတိုး၊ ဂျေမောင်မောင်တို့က တးသီချင်းလက်ဆောင်ပေးခဲ
့ကြပါသည်
။ အင်ပါယာတးဂီတ အဖွဲ့နှင့် တွဲဖက်၍ ဇော်ဝင်းထွဋ်သည် တေးသီချင်းအပုဒ်
သုံးဆယ်ကျော်အား သီဆို ဖျော်ဖြေခဲ့သည် ။
“ကျွန်တော်တို့က ရန်ကင်းကနေလာကြည့်တာပါ ၊ ညီထွဋ် (ဇော်ဝင်းထွဋ်) ရဲ့ ပရိတ်သတ်အစစ်တွေပေါ့” ဟု ကမ်းထရီးစတိုင်အပြည့် ဝတ်ဆင်ထားသော
ရန်ကင်းအုပ်စုက ပြောကြားခဲ့ ပါသည် ။
မြင်းစီးကာ ကောင်းဘွိုင်တစ်ယောက်ကဲ့ သို့ ဝတ်ဆင်လာသူအားလည်းတွေ့ခဲ့ရသည်။
ယခုပြုလုပ်သောပွဲတွင် ဝင်ကြေးမှာ သုံးထောင်ကျပ်
၊ခုနှစ်ထောင်ကျပ် ၊တစ်သောင်းခွဲကျပ် ဖြစ်သည်။ မင်းဓမ္မလမ်းတွင်
ညသန်းခေါင်ယံအထိ အင်ပါယာ၏ လက်သံနှင့် ညီထွဋ်၏ သီဆိုသံ
၊ ပရိတ်သတ်၏အားပေးသံတို့နှင့် စည်ကားသော ညတစ်ညဖြစ်သည်။