ဦးနန္ဒ၀ံသ (ကာရိုလိုင်းနား) - ၂၀၁၄ နှစ်သစ်စကား

၂၀၁၄ နှစ်သစ်စကား
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဇန်န၀ါရီ ၂၊ ၂၀၁၃



အတိတ်က ဖြစ်သွားပြီးတဲ့ အရာတွေကို
အဖန်ဖန်သာ ပြန်ကြည့်။

အနာဂတ် ဖြစ်လာမည့်အရာတွေကိုတော့
 အစဉ်ထာဝရ သတိထား။

လျှောက်သွားနေတဲ့ ပစ္စုပ္ပန်လမ်းဟာ
တကယ်ကိုသာ မမှားဘူးဆိုရင်
(၂၀၁၄) တစ်နှစ်လုံးတွင်မက
ဘဝတစ်သက်လုံး
သံသရာတစ်လျှောက်လုံး
အားလုံးအားလုံးဟာ 
အမြဲသာ အိုကေ (OK) နေပါလိမ့်မယ်။