ရန်လင်းအောင် - အာရုဏ်ဦး

အရုဏ်ဦး
ရန်လင်းအောင်
ဇန်န၀ါရီ ၂၊ ၂၀၁၃



အနည်တွေ . . .
အမှုန်တွေ . . .
ဘယ်လောက်များ ငုပ်လျှိုးနေကြမလဲ ၊

အနှစ်တွေ တောင်ပုံရာပုံ
နစ်နေဆဲလား ၊

ထိုးဆင်းနေကျ အရိပ်တွေ
အထက်မှာစီးလို့ ၊
မိုးလို့ ၊

လှိုင်းကြက်ခွပ်တွေပေါ်မှာ
စကားဦးသမ်းစ
အရောင်လေးတွေ . . .
အရောင်ပြေးတွေ . . .

အရောင်ပြေးလေးတွေ  …...