တွင်းများ ... မြွေများ (Saung Luu)

တွင်းများ ... မြွေများ
ဆောင်းလူ ။ ဇန်န၀ါရီ ၁၃၊ ၂၀၁၄

+++++

တွင်းများ ...
မြွေများ ...
တွန့်လိမ်ကွေးကောက်သော အလေ့အထများနှင့် ...။

တွင်းများ 
မြွေများ
တွင်းဝင်မဖြောင့်ခြင်းသော သီအိုရီများအရ ...။ 

တွင်းများ 
မြွေများ ...
စိတ်သီအိုရီ ...အရေခွံလဲသောနေ့များနှင့် ...။

တွင်းများ 
မြွေများ ...
အဆိပ်မဲ့ခြင်း .. ရစ်ခွေခြင်းများနှင့် ...။

ပြန်ရခက်တဲ့ မြွေတွေ
နှပ်ကြောင်းတလျောက်မှာ
လျောကနဲ ..လျောကနဲ ...
ဘ၀ ဒိုင်ယာဖရမ်ကိုယ်စီဆွဲ ခြစ်ကြောင်းအထပ်ထပ်နဲ့ ... 
သီအိုရီကို ခုတုံးလုပ် ... သားလျောကျတဲ့နေ့ကျမှပဲ ...

အဲ့ဒီမြွေတွေပဲပေါ့ ...
လျှာ ပြူတစ် ပြူတစ်နဲ့
တွင်းဝမှာ အစုလိုက် အပြုံလိုက် ...
ပိတ်မိနေလိုက်ကြပုံများ ...။

တွင်းများ ... မြွေများ
ဆောင်းလူ
ဇန်န၀ါရီ ၁၁၊ ၂၀၁၄