ကားမှတ်တိုင်နဲ့ ပတ်သက်၍

ကားမှတ်တိုင်နဲ့ ပတ်သက်၍ရန်နော် (ဗိုလ်တထောင်) ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄

ကားမှတ်တိုင်သည် ကားမလာခင်စပ်ကြားမှာ နားခိုဖို့သာဖြစ်သည် ။သို့သော် ကျွန်တော်တို့ မြန်မာပြည်က ကားမှတ်တိုင်များသည် ခရီးသည်များအတွက် မဟုတ်ပါ ။ကွမ်းယာဆိုင်များ ၊ ဂျာနယ်ဆိုင်များ ဖွင့်လှစ်ရောင်းချရာ ဈေးတန်းလေးဖြစ်နေပါသည် ။


အခုလည်း ဆူးလေကားမှတ်တိုင်မှာ မြို့တော်သာယာရေးအတွက် စည်ပင်မှ စတီးတန်းများဖြင့် လဲလှယ်တပ်ဆင်နေပုံကို တွေ့မြင်ခဲ့ရပါသည် ။ စတီးများနှင့် ဆိုတော့ ကြာရှည်ခံမှာတော့ သေချာပါသည် ။ပြုပြင်စရာများ ကိုပြုပြင်ပေးနေတာကို ဝမ်းသာစွာဖြင့် လက်ခံပေးပါသည်။ ခရီးသည်များနားခိုဖို့အတွက် ဖြစ်ပါစေလို့တော့ ဆုတောင်းလိုက်ပါသည် ။