ကလေးလုပ်သားများရဲ့
လက်ဗွေများ ပြသမည်
ဆူးအယ်လ်လင်း၊
ဖေဖော်ဝါရီ ၇၊ ၂၀၁၄
“သူတို့ရဲ့လက်များ၊ကျွန်ုပ်တို့၏အနာဂါတ်”ခေါင်းစဉ်ဖြင့်
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သော ကလေးများ၊ပညာသင်ချင်သော်လည်း တ၀က်တပျက်ဖြင့်လုပ်ငန်းခွင်ဝင်နေရသူ
ကျောင်းနေအရွယ်ကလေးများ ၏လက်ဗွေရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ
ဖေဖော်ဝါရီလ ၃ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင်
ရယူကောက်ခံမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ကောက်ခံမှုများပြုလုပ်ရခြင်းမှာ ကလေးငယ်များ၏အနာဂါတ်သည်
နိုင်ငံတော်၏အနာဂါတ်ဖြစ်သည် ဆိုသည်ကို ပြည်သူအများသတိပြုမိစေရန်၊နိုင်ငံတစ်နိုင်ငံတွင်
ပညာရေးသည် အဓိကအစိတ်ပိုင်းတစ်ခုဖြစ် ကြောင်း ၊ ၀ိုင်းဝန်းကူညီမြှင့်တင်ပေးနိုင်ရန်နှင့်
ကလေးငယ်များ၏ဘ၀ကိုစာနာနားလည်စေရန်ရည်ရွယ်၍ ကောက်ခံခြင်းဖြစ်ကြောင်း Educational
Awareness Campaign တွင်ဖော်ပြထားသည်။
ကောက်ခံရရှိသောကလေးငယ်များ၏ လက်ဗွေရာများကိုစုဆောင်း၍
ပညာရေးကွန်ယက်ပြပွဲတွင် သွားရောက်ပြသခြင်းများပြုလုပ်သွားမည်ဖြကြောင်းလည်းသိရသည်။