ချစ်သူများနေ့ အိုင်းရင်းခရော့စ် ၏ ဂီတစင်မြင့်ဖျော်ဖြေ
ရန်နောင်(ဗိုလ်တထောင်)၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
ချစ်သူများနေ့ အမှတ်တရ အဖြစ် အိုင်းရင်းခရော့စ် ၏ ဂီတစင်မြင့်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည် ။ အိုင်စီ၏ ပင်တိုင်အဆိုတော်များဖြစ်ကြသော လေးဖြူ ၊အငဲ ၊မျိုးကြီး ၊ ဝိုင်းဝိုင်း တို့မှ ပထမပိုင်း ၊ဒုတိယပိုင်းနှစ်ပိုင်းခွဲကာ ဖျော်ဖြေခဲ့သည် ။
အိုင်စီသည် နှစ်သုံးဆယ်နီးပါး ပရိသတ်နှစ်ချိုက်သော တီးဝိုင်းဖြစ်သည်။ ယနေ့ညရောက်ရှိလာသော ပရိတ်သတ် ကွင်းလုံးပြည့်နီးပါး လာရောက်သည်။
လေးဖြူသည် ပရိသတ် တောင်းဆိုသော စုန်းမသီချင်းကိုသီဆိုရင်း အခုလို ပြောလိုက်သည့်အတွက် ပွဲကျခဲ့သည်။ '' အခု အင်တာနက်ခေတ်မှာ စုန်းမ မရှိတော့ဘူးလေ။ ကျနော်တို့နဲ့ ခင်ဗျားတို့ပဲ ကျန်ခဲ့တော့မှာ "/
သီချင်းအသစ်များနှင့်ဖျော်ြေ