ကဗျာဆရာကြီး တင်မိုး - ပလ္လင်ပေါ်ကဆင်း

ပလ္လင်ပေါ်ကဆင်း
ကဗျာဆရာကြီး တင်မိုး
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄



ဟေ့ ..ခေတ်သူခိုး ဒမြဆိုတဲ့ 
စစ်အစိုးရ ....
လက်နက်ချဟေ့ .. မင်းလက်နက်ချ။
တို့မှာက ချစရာလက်နက်ဆိုလို့
အပ်တိုတချာင်းမျှမရှိ
နေသိလသိ ကမ္ဘာသိ။

မင်းက လက်နက်ခဲယမ်းတွေနဲ့
အမြဲတမ်း ပွဲကြမ်းနေတဲ့ကောင်။
မင်းယုံစားတဲ့ အင်အားက
လှံဓား လက်နက်
ရက်စက်မှုအပေါင်း သရဖူးဆောင်းနေတဲ့
အင်အား။
တို့လက်နက်က အမှန်တရား
လူထုရဲ့ခွန်အား။
တို့ယုံစားတာ မေတ္တာအထုနဲ့
လွတ်လပ်မှု။
ကမ္ဘာ့တရားခွင်မှာ မင်းနဲ့ပြိုင်ပြီး တင်ရဲတယ်
ပလ္လင်ပေါ်က ဆင်းစမ်းဟေ့ ...။

၎၊ ၆၊ ၂၀၁၃
ဗုဒ္ဒဟူး နံနက်ခင်း