ပင်လုံမှသည် ငြိမ်းချမ်းသောပြည်ထောင်စုဆီသို့ ပန်းချီပြပွဲ ကျင်းပ
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခဓာတ်ပုံသတင်း၊ ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးစိုးသိမ်း
၊ဦးအောင်မင်း ၊
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၊
၈၈
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး ၊ဦးကိုကိုကြီး ၊ ကရင်အမျိုးသမီးအဖွဲ့မှ
ဒေါ်ဆူဇန်နာလှလှစိုး တို့နှင့်နိုင်ငံရေးပါတီများမှ ပုဂိုလ်များ ၊လူမှုရေးအသင်းအဖွဲ့များ၊ စိတ်ပါ ဝင်စားသူများတက်ရောက်ကြသည်
။ တက်ရောက်လာသော ဝန်ကြီးများနှင့် ခေါင်းဆောင်များက အမှတ်တရ
စကားများပြောကြားခဲ့သည်။
ပန်းချီဆရာ ကိုစိုင်းလင်းမြတ်မှလည်း
ပန်းချီပြပွဲဖြစ်ပေါ်လာပုံအကြော င်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်ကလည်း အမှတ်တရ ငြိမ်းချမ်းရေးစကားပြောကြားခဲ့ ပါသည် ။
ပင်လုံ ပန်းချီပြပွဲတွင် ဦးကိုကိုကြီး
အမှတ်တရစကားပြောကြားရာတွင် '' ငြိမ်းချမ်းရေးအတွက် စာရွက်ပေါ်တွင်
လက်မှတ်ထိုးခြင်းထက် ယုံကြည်မှုက ပိုအရေးကြီးကြောင်း ''
ဟုထည့်သွင်းပြောကြားခဲ့သည် ။
ဒေါ်ဆူစန်နာလှလှစိုးမှလည်း ''
ကျွန်မဒီပုံကိုကြည့်ရင်း အတွေး တစ်ခုရပါတယ် ။အဲဒါကတော့ ပင်လုံစာချုပ်ချုပ်တုန်းကသာ အမျိုးသမီးအနည်း ငယ် ပါခဲ့ရင် ငြိမ်းချမ်းရေးပျက်စီးမှာ မဟုတ် ဟုထင်ကြာင်း၊ အမျိုးသမီးများခေါင်းဆောင်မှုကဏ္ဍကိုလည်း စဉ်းစားသင့်ကြောင်း” အမှတ်တရစကားပြောကြားခဲ့သည် ။
ပန်းချိဆရာ စိုင်းလင်းမြတ်ကို ဦးအောင်ကျော်
ဒေါ်ခင်ရီဝင်းတို့မှ တောင်ကြီးမြို့ တွင် ၁၉၇၃ ခုနှစ်၌ မွေးဖွားခဲ့ပါသည်
။ ၂၀၀၂ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၉၇ မှ ၂၀၀၇ ခုနှစ်အထိ
နိုင်ငံရပ်ခြားသွားသဘောင်္များေ ပ်ါတွင် ကုန်းပတ် ဒုတိယအရာရှိ အဖြစ်အမှု ထမ်းခဲ့သည် ။ ပန်းချီပညာအား ဦးစိုင်းမျိုးမြတ် နှင့် ဦးဝင်းဖေမြင့်တို့ထံတွင်ပညာသင် ကြားခဲ့သည် ။အုပ်စုလိုက်ပြပွဲများ ကိုးကြိမ်တိုင်ခဲ့ပြီး တစ်ကိုယ်တော်ပြပွဲကို ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်သည် ။
ပြပွဲအား ဖေဖော်ဝါရီလ ၉ ရက်နေ့ အထိ မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြသမည်ဖြစ်သည် ။