သစ်ကောင်းအိမ် - ဘုရား

ဘု ရား
သစ်ကောင်းအိမ်
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄




ဘုရားဆိုတာ ကြောက်ရွံ့မှုရဲ့ သန္ဓေသား
လူဖန်ဆင်းတဲ့ ချာတိတ်တယောက်
ပန်းပုဆရာရဲ့ အနုပညာ...

လူရွှန်းရဲ့ 
စိတ္တဇဒိုင်ယာရီထဲ
လမင်းကို မမြင်ရတာ 
အနှစ် ၃၀ ကြာပြီ...တဲ့

ဘုရား
ခင်ဗျားကို 
နားကြားမြင်ကပ်ခဲ့တာ
၄၁ နှစ်ကျော်ကြာပြီ

မင်းတို့ ဗုဒ္ဒကို ငါမယုံဘူး
မင်းတို့ ခရစ်တော်ကို ငါမယုံဘူး
မင်းတို့ မိုဟာမက်ကို ငါမယုံဘူး

သွေးထွက်သံယို 
ဘာသာတရားတွေကို
ငါမယုံဘူး

လူဘဝထဲ ရောက်လာတာ
နိဗ္ဗာန်ရောက်ဖို့မဟုတ်ဘူး..
ထာဝရအသက်ကို ရရှိဖို့လည်းမဟုတ်ဘူး..
ယဇ်ပူဇော်ပွဲနဲ့ ပါတီပေးဖို့လည်းမဟုတ်ဘူး...

ဒီအတိုင်းပဲထားလိုက်ပါ
ဘုရားဟာ
လမ်းကြုံလို့ နတ်ကန္နားမှာ
ဝင်မူးလိုက်ဦးမယ်ဆိုတဲ့ကောင်စား...လို့
ငါပြောခဲ့တယ် ဆိုပါစို့ ...

သစ်ကောင်းအိမ်

(၁၆ ဖေဖော်ဝါရီ၊ ၂၀၁၄)