ဟယ်ရီလင်းရဲ့ မေးခွန်းများ
သစ်ကောင်းအိမ်၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
လက်နှစ်ဖက်ဟာ
လူသတ်လက်နက်တွေကို
ကိုင်ဆောင်ခွင့်မရှိ...
လက်နက်ကိုင်တဲ့လက်တွေကို
ဖြတ်ပစ်ဖို့
ဓားစက်ကြီးတခု ရှိသင့်လား...
စာရောင်းသမားတွေ အလိုမရှိ
ခိုဖမ်းသူတွေ အလိုမရှိ
ငါးဖမ်းသူတွေ အလိုမရှိ
သက်စေ့လွှတ်သူတွေ အလိုမရှိ
သတ္တဝါချင်း ဖမ်းဆီးချုပ်နှောင်ထားတဲ့
အဲဒီရာဇဝတ်ကောင်တွေကို
သိုလှောင်ထားဖို့
အကျဉ်းထောင်တွေ ရှိသင့်သလား
သူခိုးဓားပြတွေကို အလိုမရှိ
အစိုးရတွေကိုလည်း အလိုမရှိ
ကိုယ်ပါရမီပြည့်ဖို့
သားသမီးကိုအလှူပေးတဲ့
ဝေသန္တရာတွေ အလိုမရှိ
ဘုရားသခင် အလိုမရှိ ငွေကြေး အလိုမရှိ
မကောင်းဆိုးဝါးတွေရဲ့
လူ့အခွင့်အရေးအတွက်
အန္တရာယ်ကင်းဘေးကင်း ပရိတ်တော်တွေရှိသင့်လား...
လူ့ကမ္ဘာကို ခင်ဗျား ဘာလာလုပ်တာလဲ...
လကမ္ဘာကို ခင်ဗျား ဘာသွားလုပ်မှာလဲ...
သစ်ကောင်းအိမ်
(၂၅ ဖေဖော်ဝါရီ၊ ၂၀၁၄)
(ကဗျာဆရာ့ကဗျာကို ကိုဦးဘလောက်ကနေ တွေ့လို့ ကူးတင်ပါတယ်)
