သန်းဝင်းလှိုင်ရဲ့ သခင်ဋီကာသစ် စာအုပ်ထွက်ပြီ
မိုးမခစာအုပ်စဉ်၊ မတ် ၃၊ ၂၀၁၄
၂ဝ၁၄ ဖေဖော်ဝါရီလ ၂၄ရက်နေ့ က ရန်အောင်စာပေမှ မိုးမခ၀ိုင်းတော်သား၊ စာရေးဆရာသန်းဝင်းလှိုင်၏ “သခင်ဋီကာသစ်စာအုပ်” ကို ဖြန့်ချီထုတ်ဝေ
လိုက်ကြောင်း သတင်းကောင်းပါးလို က်ပါသည်။
အဆိုပါစာအုပ်၌ တို့ဗမာအစည်းအရုံးသမိုင်းနှင့် တကွ ထင်ရှားသောသခင်ခေါင်းဆောင်များဖြစ် ကြသည့် ဆရာကြီးသခင်ကိုယ်တော်မှို င်း၊ သခင်အောင်ဆန်း၊ သခင်မြ၊ သခင်ဗစိန် ၊ သခင်ဘသောင်းအပါအဝင် သခင် ၆ဝ ဦး တို့၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် အတ္ထုပ္ပတ္တိများကို တင်ပြထားသည်။ စာအုပ်မျက်နှာဖုံးကို ပန်းချီလင်းဝဏ္ဏက ရေးဆွဲပေးထား၍ စာအုပ်တန်ဖိုးမှာ ၅ဝဝဝ ကျပ်ဖြစ်ကြောင်းသိရသည်။
အမြို့ မြို့ အနယ်နယ်ရှိ စာအုပ်ဆိုင်တိုင်း ဝယ်ယူနိုင်ပါကြောင်း အသိပေးလိုက်ပါသည်ခင်ဗျား။
.jpg)