မီးခိုးကြွက်လျှောက် အတွေးများ
မောင်မောင်လတ် (ရွှေအင်းလေး စာပေ)
မတ်လ ၂၅၊ ၂၀၁၄
မောင်မောင်လတ် (ရွှေအင်းလေး စာပေ)
မတ်လ ၂၅၊ ၂၀၁၄
@Aung Htet
တနေ့ပြီးတနေ့ လုပ်နေရတဲ့အလုပ်ကလဲ ပုံမှန်စက်ရုပ်အလား..... တနေ့ပြီးတနေ့ ကြည့်နေရတဲ့သတင်းတွေကလဲ မထူးခြား ဆင်တူရိုး မှား....... တနေ့ပြီးတနေ့ မျှော်လင့်နေတာတွေလဲ ဘာမှ မဖြစ်လာ ဗလာမဲသက်သက်....... နွေဦးလေပွေအဝှေ့ ..ရော်ရွှက်ဝါကအကြွေ...ပင်အိုကအရိုးဖြိုင်ဖြိုင်...ဥသြက လွမ်းလွမ်းဆွေးဆွေး... ပန်းချီကားတချပ်လား..? အနယ်ထိုင်ချိန်လား ? မုန်တိုင်းအကြို ငြိမ်သက်ခြင်းလား ?...အရာရာ ခြောက်သွေ့ လွန်းတော့..သတိနဲ့အသိက လိုက်တမ်းပြေးတမ်း ..ချုပ်ထိန်းမရ....၊၊
အသိတရားရယ် သတိတရားရယ် ပကတိတရားရယ်တွေ အတွက်....တစုတစည်း တပင်တပန်း တည်ဆောက်နေရင်း....အခြေအနေ အားလုံး ခဏ မေ့သွားရအောင်.အမှတ်တရ ဗိုလ်ထီးသီချင်းလေးတွေ သတိတရ ခံစားမိခဲ့တော့........ဗိုလ်ထီးရေ........နှင်းတဖွဲဖွဲကြား က မီးခိုးမှိုင်းတွေ လွင့် ပျံတက်နေတဲ့ ညချမ်းချမ်းမီးပုံပွဲတခုမှာ.ကြင်သူ ချစ်သူနဲ့ တွဲက နေရော့သလား ? ?....နောင်ဘဝတွေမှာတောင် ချယ်ရီပင်အောက်မှာ ဆုံတွေ့  ရအောင် ဆုတောင်းနေရော့သလား ? ? ...စက်ဘီးအိုတစီးနဲ့ ဘယ်နေရာ ဘယ်ဌာနေဆီ သွားလယ်နေရော့ သလား ? ?...မမောသေးဘူးဆိုရင်.................မီးပုံပွဲမှာက လက်စ ဆက်ပြီးကလိုက်ပါအုံး...ချယ်ရီပင်အောက် လွမ်းတေး ဆိုလက်စ ဆို လိုက်ပါအုံး....စက်ဘီးကလေးနဲ့ နင်းလက်စ စင်္ကြာဝဠာအဆုံးထိ နင်းလိုက်ပါအုံး.........၊၊
တခါက အခုလို နွေဦးရောက်ချိန်...စာမေးပွဲပြီးလို့ ဘော်ဒါဆောင် ကျောင်းသူ / သားတွေ မိဘတွေက လာကြိုလို့အသီးသီး အိမ်ပြန်နေရတဲ့ အခိုက်အတန့် ..ရစ်ချတ်တင်ဦးရယ်လို့ ခေါ်ကြတဲ့ ကောင်လေးတယောက် မျှော်နေ စောင့်နေတဲ့ မိဘက အချိန်မှီရောက်မလာနိုင်တော့ နေမထိ ထိုင်မတတ် ငိုမဲ့ မဲ့ ..........၊ ဒီကျောင်းဘော်ဒါဆောင်ကိုအလာ ဆန့်ကျင်ထက် ကားလမ်းအတိုင်း လမ်းလျှောက်ပြန်ရင်....သူ့  ဇာတိမြို့ ကို ရောက်နိုင်ပါလိမ့်မယ်ဆိုတဲ့ ကလေးအတွေး ဆုံးဖြတ်ချက်နဲ့အတူ...ဘော်ဒါဆောင်က တိတ်တဆိတ်ထွက်ပြီး အိမ်အပြန်......၊
မြို့ လွိုင်လင် အ ထ က (၂) ရယ်လို့ အခုခေါ်နေတဲ့ကျောင်းကနေ ခပ်လှမ်းလှမ်းအကွာ မြို့ အပြင်ဖက် ရေကန်ကြီးအလွန်ရောက်တော့ မျက်နှာချင်းဆိုင်လာနေတဲ့ကားပေါ်က သူ့မိဘကိုတွေ့ရတော့ ဝမ်းနည်းဝမ်းသာ ငိုကြွေးခဲ့ရတဲ့နောက်........၊ အချိန်မှီ လာကြိုဖို့ ကျိုးစား ခဲ့တာ ခရီးလမ်းတဝက် ကားပျက်ခဲ့တာ ရှင်းပြရင်း ကျောင်းဘော်ဒါဆောင် အုပ်ချုပ်သူကို အသိပေ့းဖိုအသွားမှာတော့...အပြစ်ရှိ တဲ့ အပြစ် လုပ်ခဲ့တဲ့ ရစ်ချတ်တင်ဦးတယောက် စိုးရိမ်ကြောက်ရွှံစိတ်နဲ့ မဝံ့မရဲ.....၊ ပျောက်နေတာကို ဒေါင်းတောက်အောင် ရှာနေတဲ့ ကျောင်းအုပ်ချုပ်သူ ဖာသာတွေက ပြာပြာသလဲ ငိုကြွေးနေတဲ့ ရစ်ချတ်ကို...တယုတယလက်ဆွဲ ..ကလေးကစားစရာ အပြည့်ထားတဲ့ အခန်းထဲက ကြိုက်ရာ အရုပ်တခုခု ရွှေးချယ်ခိုင်းတော့..ငိုလက်စ ငိုနေဆဲ ရစ်ချတ်တင်ဦးတယောက်...စွဲမက် လိုချင်စရာ ရောင်စုံ ကစားစရာ ပစ္စည်းတွေ အများကြီးကြားက....လက်ညှိုးထိုးပြလိုက်တာ နံရံထက်က ချိတ်ဆွဲထားတဲ့ မယ်ဒလင်လေးတလက်......ဖာသာတယောက်က ဖြုတ် ယူပြီး သူ့ လက်ထဲ အထည့်.....သူ့လက်နဲ့ မယ်ဒလင် စေးစေးပိုင်ပိုင် ဆုပ်ကိုင်ပြီးသကာလ သူ အငိုတိတ်သွားခဲ့ရ........သူကတော့ အငို တိတ်သွားပါရဲ့ ....... ထောင်သောင်းချီသော လူသားတွေရဲ့  နှလုံးသားငိုချင်းတွေက အတော မသတ်နိုင်...မစဲနိုင်တော့....၊၊
ရှေးရှေးက ဘိုဆန်တဲ့ လူကြီးတချို့က ရစ်ချတ်.....ကျောင်းနေဖက်သူငယ်ချင်းတွေက စိုင်းတင်ဦး....လူအများခေါ်နေတာက စိုင်းထီး ဆိုင် ....နှလုံးသားထဲက လူတွေကတော့ တရင်းတနှီး ဗိုလ်ထီးရယ်လို့...ခေါ်ဆိုကြတဲ့သူတယောက်ရဲ့ အနုပညာကဝေ အစပထမ နိဒါန်း လေး.........၊၊
ဆိုလို့လဲ မပြီး....သည်းလို့လဲမကုန် ရင်ခုန်သံ မှန်မှန်ခုန်စေခဲ့သူတယောက်......နားထောင်လို့လဲမဝ ခံစားလို့လဲ မပြည့်ဝနိုင် တဝက် တပျက် လွမ်းဆွေးခံစားစေခဲ့သူတယောက်.... တပုဒ်ထဲကိုမှ တပုဒ်ထဲ အရှူးအမူး စွဲလန်းအောင် သီချင်းလေးထဲ နစ်မြှပ်စေခဲ့သူတယောက်......၊၊
ဥသြဌက်က တပုဒ်ထဲ သီချင်းဆို ..ဒီလူသားက ကမ္မာတည်သရွှေ့ သစ္စာမပျက် သံလွင်ရေ မခန်းခင်စပ်ကြား..ချယ်ရိပင်လဲ မရှိတော့...တွဲကခဲ့တဲ့ မီးပုံကလဲ တောမီးအဖြစ်တောက်လောင် ...လှပတဲ့ လက်ဖက်စိုက်ခင်းလဲ ရောင်စုံ ဘော်ဘီပန်းတွေဝေဖြာ အောင်အောင် ကျကျ လူတန်းစေ့မနေနိုင်တော့ အရှေ့ ဖက်ကို လှမ်းကြကုန်ပြီ ဗိုလ်ထီးရေ........၊၊
လှပတဲ့ ရှမ်းတောင်တန်းပေါ် အိုးစည်ဗုံမောင်းသံအစား သေမင်းတမန်လေချွန်သံတွေ ကြားနေဆဲ ကြားနေတုံး...... ဝေနေမဲ့ အဖြူ ရောင် နှင်းအစား အမဲရောင်ယမ်းငွေ့ တွေ လွင့်ပျံ့ နေဆဲ လွင့်ပျံ့ နေတုံး.... နုပျိုလန်းဆန်းနေမဲ့ တောင်တန်းလုလင်ပျို တွေလဲ ထင်း ရှူး ငုတ်တိုပင်နံဘေး လောက ဘုံအသစ်တခု တည်ဆောက်နေဆဲ တည်ဆောက်နေတုံး.... အရာရာ ခွင့်လွတ်သည်းခံခြင်းနဲ့ အ ကောင်းအတိုင်း မဖြစ်နိုင်တော့......၊၊
ကဗျာတွေ စာတွေထဲက အလှအပတွေအားလုံးဖျက်စီးခံရ...၊ဘိုးဘွားအစဉ်အဆက်ပိုင် သယံဇာတတွေအားလုံး လက်လွတ်ခံရ....၊အေးချမ်းငြီမ်းချမ်းတဲ့ လူတွေရဲ့ စီးပွားပျက်စိးခဲ့ရ..ဂုဏ်ယူစဖွယ် ရိုးရာယဉ်ကျေးမှုတွေ တစစီ တစစီချိုးဖျက် ဖျောက်ဖျက်ခံနေရ....တက်ကြွတဲ့အနာဂတ်လူငယ်တွေ မူးယစ်သံသရာဝဲထဲ နှစ်မြှပ်ုခံနေရ...ခံနေရ....ခံနေရနဲ့ဘဲ ဒုတိယအကြီမ် ပြန်မွေးဖွားနိုင်အုံးမလား ? ပြန်ရှင်သန်နိုင်အုံးမလား ?.........၊၊
သံလွင်ရေ လဲ ခန်းတော့မယ်ဗိုလ်ထီးရေ..... တဖက်ကမ်းကသူတယောက်က ဆေးစွဲ..ကျန်တဖက်ကမ်းက အရှေ့စူးစူး ......မျက်ရည် တွေလဲခန်း...သံလွင်ရေလဲခန်း...ချစ်သူနှစ်ဦးကလဲဝေး.....၊၊
ပျက်စီးသွားတဲ့ အလှအပတွေ ပြန်တည်ဆောက်နိုင်ပေမဲ့  တစစီ ဖျောက်ဖျက်ခံရတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဘယ်လို အစားထိုးရမှာလဲ ? ?...... ဆုံးရှုံးသွားခဲ့တဲ့ စီးပွားရေး ပြန်နံလံထူနိုင်ပေမဲ့ ဘာမှ မကျန်အောင် ထုတ်ယူသွားခဲ့တဲ့သယံဇာတကို ဘယ်လိုဖြည့် စည်းနိုင်မှာလဲ ? ?..... ဝေးကွာသွားခဲ့တဲ့ချစ်သူအလွမ်းတွေထက် ဆေးစွဲနေတဲ့လူငယ်တွေကို ဘယ်လိုရှင်သန်အောင် လုပ်ပေးနိုင်မှာလဲ ? ?.... မနားဘဲ ဖြတ်ကျော်သွားခဲ့တဲ့ လောပီတ ခရီးသည်အပေါ် ကျိုးစားနားလည်နိုင်ခဲ့ပေမဲ့ မဖိတ်မခေါ်ဘဲ ရောက်လာတဲ့ဓါတ်ငွေ့ပိုက်လိုင်းအတွက် ဘယ်လိုပါရမီမျိုးနဲ့ ခွင်လွတ်ပေးနိုင်မှာလဲ ? ?
ဒီတခွက်ဝင်သွားမှ မေ့မသွားလိုက်ပါနဲ့လား......စဉ်းစားလို့ အဖြေမရတိုင်း နံရံကို လက်သီးမထိုးလိုက်ပါနဲ့လား....သေချာတာက နက်ဖြန် ဟာ နေ့သစ်မဟုတ်...၊ ပိုသေချာတာက နက်ဖြန်ဟာ နွေနံနက်ခင်းမဟုတ်.......၊၊
အားလုံး အားလုံးအတွက်.....တစစီ ဆုပ်ဖြဲခံရတဲ့ရှမ်းပြည်နယ်အတွက်....တိုက်ပွဲကြား ကျေမွနေတဲ့ ကချင်ပြည်နယ်အတွက်...ဘာ စီးပွားမှ မရှိတော့တဲ့ချင်းပြည်နယ်အတွက်...တရားမဝင်ဘင်္ဂါလီတွေနဲ့ လုံးသတ်နေတဲ့ ရခိုင်ပြည်နယ်အတွက်..အမှောင်ထုအောက် ဘာမှ မထူးခြားတဲ့ ကယားပြည်နယ်အတွက်....ဝါးအစိးပြေ တပ်ဖွဲ့တွေ မညီညွှတ်နိုင်သေးတဲ့ ကရင်ပြည်နယ်အတွက်....ယဉ်ကျေးမှု သမိုင်းအစအဖျောက်မခံနိုင်အောင် တင်းခံနေတဲ့ မွန်ပြည်နယ်အတွက်....ရှေ့ မှာ တိုက်ပွဲတွေ ရှိတယ် တိုက်ပွဲကြီးတွေ ရှိတယ်....၊၊
မူကြမ်းတွေတစောင်ပြီးတစောင်...တွေ့ ဆုံပွဲတွေ တပွဲပြီးတပွဲ...သဘောတူချက်တွေ တခုပြီးတခု..ညီညွှတ်ရေးစကားတွေ တခွန်းပြီးတခွန်း အဲဒါတွေ အဲဒါတွေနဲ့....ဒီတောင်ကိုဖြိုနိုင်မယ်လို့ ယူဆနေရော့သလား ? ?.....၊၊
အသွင်ပြောင်းယောင်ဆောင် အရောင်းပြောင်းယောင်ဆောင် အာဏာရှင်အသွင်ပြောင်းယောင်ဆောင် စစ်အုပ်စိုးသူတွေ ထုနဲ့ ထည်နဲ့ အခိုင်အမာ အခြေချ..အပေါ်စီးကနေ...အင်အားပြ ခြိမ်းခြေက်လိုက်..ချော့မြူလိုက် မြူဆွယ်လိုက် သွေးခွဲလိုက်နဲ့ အမျိုးမျိုး မျက်လှည့်  ပြနေတာကို....မီးခိုးကြွက်လျှောက် အတွေးနယ်ချဲ့ ရင်း.... တခါက တချိန်က.........၊၊
တခါက တချိန်က ရှမ်းပြည်ရဲ့  သမ္ဘာရင့် ဝါရင့် လူထုခေါင်းဆောင်ကြီး ဦးခွန်ထီး (ပင်လုံစာချုပ်ရေးထိုးခဲ့သူ) ပြောစကားတခုကို ဖောက် သည်ချခွင့် ပြုပါ...... နာမည်ကျော် အဆိုတော်မင်းသားလေး စိုင်းစိုင်းခမ်းလှိုင်ရဲ့  အဖိုးတော်စပ်သူ ဝါရင့်နိုင်ငံရေးသမားကြီး.. ဦးခွန် ထီးကို ၈၈ အပြီး အသစ်ဖွဲ့ စည်းလိုက်တဲ့ ရှမ်းပါတီတခုက ပါတီ စတည်ထောင်တဲ့နေ့မှာ သွားရောက် ကန်တော့ ဂါဝရပြု ဆိုဆုံးမသြဝါသ ခံ့ ယူဖိုသွားခဲ့ပါတယ်.....အသက်အရွှယ်အရ ကျမ်းမာရေးမကောင်းလှသော အဖိုး ဦးခွန်ထီး အိပ်ခန်းကနေ အားတင်းမာန်တင်းပြီးအပြင်ထွက် ကန်တော့ခဲ့ခံပါတယ်.....ဆိုဆုံးမ သြဝါဒစကားအတွက်....အသံဖမ်းစက် ပြင်ဆင်နေတာတွေ ..မှတ်စုစာအုပ်ကိုယ်စီနဲ့သမိုင်း ဝင်မဲ့ စ ကားကို ကိုယ်ပိုင်သမိုင်းကျန်ရစ်ရလေအောင် ရေးမှတ်ဖို့ ပါတီလူကြီးတွေ အလုပ်ရှုပ်နေတာကို အဖိုးက အချိန်ပေးစောင့်နေပါတယ်.....အားလုံးပြင် ဆင်ပြီးချိန်...သြဝါသစကားအတွက် မြေဝယ်မကျ နှလုံးသွင်း ပြီး ရေးမှတ်ဖို့ အဆင်သင့်ဖြစ်နေချိန်..အဖိုး ဦးခွန်ထီးက ဒီစကားစုလေးတခု ပြောချလိုက်ပါတယ်..........၊၊
“ အေး.......ငါတို့တုံးက ယုံကြည်မိခဲ့တော့ (x) တတုံး မျိုချမိလိုက်တယ်..... မင်းတို့လက်ထက် (x) နှစ်တုံးမမျိုချမိစေနဲ့......၊၊
တိုင်းရင်းသားအားလုံအတွက်.....၊၊
