ဂျူနီယာဝင်း ဘာသာပြန် အဲလစ်နှင့်
မှန်၏ဟိုမှာဘက် အီးဘုတ်
မိုးမခစာအုပ်စင်၊ မတ် ၂၉
၊ ၂၀၁၄
လူးဝစ်ကာရို၏
အဲလစ်နှင့် ထူးဆန်းထွေလာသူ့ကမ္ဘာ ပထမအုပ်ကို ဂျူနီယာဝင်းက ဘာသာပြန်ခဲ့တယ်။ ၂၀၀၇ ခုနှစ်ခန့်က
ထွန်းဖောင်ဒေးရှင်းကပေးတဲ့ ဘာသာပြန်စာပေဆု ရခဲ့တယ်။ နောက် လူးဝစ်ကာရိုရဲ့ ဒုတိယအုပ်
- အဲလစ်နှင့် မှန်၏ဟိုမှာဘက် ဘာသာပြန်ခဲ့သော်လည်း ပုံနှိပ်စာအုပ်အဖြစ် မထွက်ရှိခဲ့ဘူး။
ယခု အဲသည်စာအုပ်ကို Amazon – Kindle e-book version အဖြစ် မိုးမခကနေ တင်ဆက်ပေးလိုက်ပါတယ်။
စာရေးဆရာကတော့ သည်လိုမျိုး မိတ်ဆက်ထားပါတယ်။
စာဖတ်သူများသို့
ဒီဘာသာပြန် စာအုပ်ကလေးက ထုတ်ဝေသူများ
လက်ထဲကနေ ကျွန်မလက်ထဲ ပြန်ရောက် လာခဲ့တာ ၁၀နှစ် လောက်ရှိပြီပဲ။ ဒီလိုသိမ်းထားရာကနေ
အမေဇုံခေတ် ဒစ်ဂျစ်တယ်ခေတ်ထဲမှာ သူ့ကိုလွှဲအပ်ဖို့ အချိန်ရောက်လာပြီ လို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
ဒစ်ဂျစ်တယ်ကမ္ဘာကြီးကို သိပ်စိတ်တိုင်းမကျသောလည်း သည်လိုနည်းနဲ့ ကိုယ့်စာအုပ် လေး တည်ရှိနေမူကို
အသိအမှတ်ပြုရင်းနဲ့ အမေဇုံကင်ဒဲယ် စာအုပ်စင်လေးဆီကို
ပို့ပေးခဲ့ပါပြီ။
ဂျူနီယာဝင်း
http://www.amazon.com/Junior-Win-Through-Looking-Translation-ebook/dp/B00JAWNTY8/ref=sr_1_15?ie=UTF8&qid=1396074428&sr=8-15&keywords=junior+win