ကျော်ဟုန်း - ၂၁ ရာစု ဗမာပြည် အစီရင်ခံ ကဗျာ

၂၁ ရာစု ဗမာပြည် အစီရင်ခံ ကဗျာ
ကျော်ဟုန်း
မတ်လ ၁၇၊ ၂၀၁၄



ညီမလေးများက
နှုတ်ခမ်းနီဆိုးတာ ရဲပေမဲ့
ဓာတ်ပုံရိုက်ရင်
လက် ၂ ချောင်းထောင်တယ်။

ညီလေးတွေက
ဆံပင်တိုတို ထားပေမဲ့
ဘောင်းဘီပွပြီး ခွကျတယ်။

အကိုကြီးတို့ က
ဗိုက်ရွှဲလာပေမဲ့
ဆံပင်ရှည်တော့ ထားကြတယ်။

အဒေါ်ကြီးက
မိခင်စိတ်ဓာတ် အပြည့်ရှိလဲ
နွားနို့ လောက်အောင် မပေးနိုင်သေး။

အဘများက
ရင်ဖုံး တောင်ရှည်ဝတ်  နန်းဆံလဲ
ယဉ်ကျေးလိမ္မာသင်တန်း ပို့ သင့်တယ်၊
နား၊ လည်ချောင်း၊ မျက်စိကုဆေးရုံလဲ ပို့ သင့်တယ်။

ခု ခေတ်က
ကျုပ်တို့ နေရပ်မှာ
ဗွီနိုင်းကာဗာ
ဆေးဆိုးပန်းရိုက်လုပ်ငန်း
အလုပ်ဖြစ်တဲ့ခေတ်၊
အခမ်းအနားတွေ
ပြောပွဲ၊ ပြပွဲတွေ များသကိုး။

သက်ရောက်မှုတိုင်း
တန်ပြန်သက်ရောက်မှု ရှိ
ကျုပ်တို့ ဒေသမှာ မှားတယ်။

ရွေ့ လျားမှု မရှိရင်
အလုပ်ဂုဏ် မမြောက်

ကျုပ်တို့ အရပ်မှာ များတယ်။    ။