ဆောင်းလူ - မြို့ပျက်

မြို့ပျက်
ဆောင်းလူ
မတ်လ ၅၊ ၂၀၁၄



နဂိုတိုင်းထားတာမှ သမိုင်းဝင်ဦးမယ့် မြို့ ...။
......
......

လူကူးမျဉ်းကျားတွေနဲ့
စည်းကမ်းဖောက်ပြားတဲ့ မြို့ ...။

မီးနီ မီးဝါနဲ့
နောက်မီးလင်းတဲ့ မြို့ ...။

ယင်တလောင်းလောင်း 
အညှီ တထောင်းထောင်းနဲ့ 
သိက္ခာတွေ ထောင်းလမောင်းကျေနေတဲ့ မြို့ ..။
သစ္စာတွေ မီးကျိုးမောင်းပျက်ခဲ့နေတဲ့ မြို့ ...။ 

လမ်းတွေမှာ ...ကျီးတွေ အာနေတဲ့မြို့ ...။
လမ်းတွေမှာ ... ခိုတွေ ညည်းနေတဲ့ မြို့ ...။
ပါးစပ်ဘုရား ..လက်ကားယားနဲ့ ...သီလပျက်နေတဲ့မြို့ ...။ 

သိက္ခာကို 
ရိက္ခာနဲ့ အလဲအထပ်လုပ်လိုက်ရတဲ့ ... ဒီမြို့ ...
အသစ်လွင်ဆုံး မွမ်းမံထားပေမယ့်

အဆုံးစွန်ဆုံး ပျက်နေတဲ့ မြို့ ...။