ဆောင်းယွန်းလ - "အဆုံးကို ဘာနဲ့စရရင်ကောင်းမလဲ"


"အဆုံးကို ဘာနဲ့စရရင်ကောင်းမလဲ"
ဆောင်းယွန်းလ၊ ဧပြီ ၁၆၊ ၂၀၁၄

အဆုံးသတ်မှာ
ပြီးပါပြီ စာတမ်းထိုးပစ်ဖို့
နှစ်သက္ကရာဇ်တွေကို
ငါတို့ မပိုင်ခဲ့ကြဘူး...

ကမ္ဘာဟာ
ခြောက်ခြောက်ကပ်ကပ်
မိုးရေစက်တွေကို
လူယဉ်ကျေးတွေရဲ့အလိုတော်အရ
အချိန်မကျပဲ
ရွာချနေတတ်ပြီ နွေဦးရေ....

ဖ၀ါးအောက်က မြေကြီးနဲ့
ခေါင်းပေါ်က ကောင်းကင်ကို
အသက်ပုံပြီး ယုံလိုက်ဖို့ခက်တယ်...

ရခဲတဲ့ ဘ၀ကို
ပုံပြင်ဟောင်းတွေထဲမှာ
လျှို့ဝှက်စွာ အဖုံးပိတ်ထားလိုက်မိပါရဲ့...

ဆောင်းယွန်းလ