မိုးမခ မဏ္ဍပ်အတွက် သံချပ် (၂)
ဂျော်ဒီး
ဧပြီ ၆၊ ၂၀၁၄
..မာစေ..သာစေ..မာကြစေ..သွန်းလောင်း မေတ္တာရေ... ....ပြည်သူတတွေ..ပျော်ဖို့လေ..တောင်းဆုတောင်းဆုချွေ .. (ပြောင်းပါစေ...ထွက်ပါစေ...မတရားတဲ့ ညစ်တဲ့..အရှုတ်ကောင်တွေ.... ....တမတ်တန်းက အလေးခိုးသူတွေ....စစ်တန်းလျား ...မောင်း.....ပို့စို့လေ.....။ မောင်းလိုက်မယ်...အမြန်လေ..ဒိုးကြပါ..မြန်မသွေ......အို...ပြည်သူအပေါင်းတွေ....၂၀၀၈ ကိုညောင်း...မြောင်းထဲပို့မယ်..မသွေ ... (ညောင်းပါစေ... ပြိုလဲပါစေ...ဒိုးပါစေ..ပျက်ဆီးပါစေ....၂၀၀၈ ညစ်တဲ့..ဥပဒေတွေ)၂”
မိုးမခမဏ္ဍပ်က သံချပ်သံ....(.ပြည်သူ့အသံ ပဲ့တင်ပြန်ဖို့)၂
ပြည်သူ့အသံ..ဘ၀ဂ်ညံ..(မတရားမှုတွေဆို....ငြိမ်မခံတော့ဘူး)၂
မတရားမှုတွေ များများလာ...(တွေ့သမျှမြေဟာ....တပ်ပိုင်မြေတဲ့)၂
တပ်ပိုင်မြေတွေ များလွန်းတာ..(သိကြားမင်းခမျာတောင် ...ဆင်းစရာမြေမရှိ)၂
သိကြားမှိုင်လို့ ဘောပင်ကိုင် (ခွေးသားရေမှာတောင်..တပ်ပိုင်မြေတဲ့) ၂
တပ်ပိုင်ဆိုင်းဘုတ်..နေရာတကာ (လွှတ်တော်မှာတောင်....တပ်ဦးဆောင်မတဲ့)၂
တပ်ဦးဆောင်တဲ့ ဥပဒေ .. (၁၄ နှစ်တောင်...ကုလားဖန်ခွေထားရ) ၂
ကုလားဖန်ခွေတဲ့ ဥပဒေ.. (ပြည်သူတွေကတော့ ... ခါးခါးသီးသီး)၂..
လွတ်လပ်ခွင့်မှန်သမျှ ပိတ်ပင်ကာ..(မလှုပ်နဲ့ ကုတ်မယ်..ပုဒ်မ ၁၈)၂
အညစ်အစုတ်မှန်သမျှ..အကြံထုတ်ကာ. (ဖမ်းမယ်ဆီးမယ်..ဥပဒေတွေတိုး)၂
ဥပဒေအထက်က အာဏာပိုင်..(သေးထိုင်ပေါက်တာ..ဒီမိုကရေစီလား)၂
ဒီမိုကရေစီ ..စီမိုကရေဒီ..(ပြောချင်သလို..ပြော)၂
အပြောပဲရှိလို့..လက်တွေ့မပါ....(တိုင်းပြည်မွဲချာ..စုတ်ပြတ်တုန်းပဲ)၂
တိုင်းပြည်မွဲလဲ...သူတို့မမွဲပါ....(မြစ်ချောင်းတောတောင်... အကုန်ဖြောင်ထား)၂
ကြေးနီ..ဓါတ်ငွေ့ ...ဈေးချိုချို..(အိမ်နီးချင်းဆိုလဲ....အယုံ မထားနဲ့ )၂
သူခိုးဓါးရိုးကမ်းခဲ့တာ.. ...(အသက်ငင်နေပြီ....မြန်မာပြည်ကြီး)၂
အသက်ငင်နေတဲ့ အမိမြေ..(ခြံစည်းရိုးတွေလည်း.... မခိုင်မခန့်)၂
ခြံစည်းရိုးက ခွေးတိုးဝင်.... (အရှေ့ရော အနောက်ပါ..သတိသတိ)၂
အနောက်ဖက်က ဟန်ရေးပြင်.. (အရှေ့က၀င်တာ တအိတအိ)၂
တအိအိနဲ့ ၀ါးမြိုလာ..(.ခါးကျိုးတော့မယ်..တို့ ရွှေပြည်ကြီး)၂
ခါးကျိုးတော့မဲ့ တို့ရွှေပြည်..(တလွဲ....ဆံပင်တွေကောင်းနေကြတုံး)၂
တလွဲဆံပင်ကောင်းတုန်း အရှုံးပေါ်..(လယ်တီသိမ်တော်.....ကျူးကျော်ခံရ)၂
လယ်တီအရေး... မအားသေးပါ.. (မျိုးစောင့်ဥပဒေ..ကြောင်တွေရေချိုး)၂
ကြောင်ရေချိုးတဲ့ နာယကတွေ....(ကိုယ့်သံဃာတွေ စောင့်ရှောက်ပါဦး)၂
ဘာသာရေးမှိုင်းနဲ့ တိုက်သူတွေ....(ကိုယ့်သံဃာတွေ..စောင့်ရှောက်ပါဦး)၂
လူမျိုးရေးမှိုင်းနဲ့ တိုက်သူတွေ...(အနောက်တံခါးကိုလေ... ခြံလုံလုံ ခတ်ကြ)၂
သပိတ်စခန်းဖြိုတဲ့ ...စွမ်းအားရှင်တွေ (မိုက်လုံးကြီးတယ်...ဒူးချီယားတန်း..ပို့လိုက်)၂
ပုဒ်မ(၁၈) နဲ့ စိတာလောက်တော့ ..(.ရီတာပေါ့ ..ရီတာပေါ့)၂
ပြည်သူတွေကို ပလီပလာနှိမ်တဲ့ ...(အီကြာစိန်..အီကြာစိန်) ၂
ပြည်သူတွေကို သွေးတိုးမစမ်းနဲ့ ....(ကိုလေပန်း...ကိုလေပန်း)၂
ပြည်သူ့မေတ္တာစူးသူတွေ....(မုဆိုးဖိုချုပ်မှူးကြီး... ဖြစ်ပါစေ)၂
ပြည်သူ့ကျိန်စာမိသူတွေ...(ငရဲအိုး ဇောက်ထိုး..ဂျိုးကပ်ပါစေ) ၂
