အောင်ဝေး - ခြင်္သေ့နီ

ONLY ONE BUT A LION
(သံ ပြိုင် ဆို  ဟံ သာ ၀ တီ ဦး ၀ င်း တ င်  ဘွဲ့ ရဲ ချ င်း )

ခြေ င်္သ့ နီ
အောင်ဝေး
ဧပြီ ၅၊ ၂၀၁၄


အမေကမွေး၊ ထောင်ကကျွေး
လာမယ့်ဘေး - ပြေးတွေ့ 
တစ်ကောင်တည်းပဲ
ဒါပေမဲ့ - ခြင်္သေ့တဲ့ဟေ့။

ဟံသာဝတီ၊ ခြင်္သေ့နီ
ဧရာဝတီ၊ ခြင်္သေ့နီ
ဒီမိုကရေစီ၊ ခြင်္သေ့နီ
အောင်ဆန်းစုကြည်၊ ခြင်္သေ့နီ။

ပြည်သူ့သွေးနဲ့ 
စွေးစွေးနီနီ၊ N L D ရဲ့
နီနီရဲရဲ၊ ခြင်္သေ့ပဲဟေ့။

နီနီမောင်းမောင်း၊ ခွပ်ဒေါင်းသွေးနဲ့ 
ရဲရဲမြန်းမြန်း၊ “ဆန်း” ရဲ့ သွေးနဲ့ 
စွေးစွေးမှိုင်းမှိုင်း၊ “မှိုင်း” ရဲ့ သွေးနဲ့ 
စွေးစွေးရဲရဲ၊ ခြင်္သေ့ပဲဟေ့။

လူလည်း မလဲ၊ စိတ်လည်း မလဲ
နေလည်းရဲရဲ၊ သေလည်းရဲရဲ
ခြင်္သေ့ပဲဟေ့။

တိုက်ပွဲနီနီ၊ ခြင်္သေ့နီ
အောင်ပွဲသို့ချီ
တို့ - ခြင်္သေ့နီ။    ။

ေ အ ာ င္ ေ ၀ း
( ၄ - ၄ - ၁ ၄ )