ဆရာဦးဆလိုင်းဟန်လင်း
ကွယ်လွန်ခြင်းနှင့် သူ၏ ကိုယ်တိုင်ရေး ဘဝဖြစ်စဉ်
အမ်းလောင်ရွှီ၊ ဧပြီ ၉၊
၂၀၁၄
ဧပြီ ၅၊ ၂၀၁၄ နေ့တွင် ချင်းဗုဒ္ဓ္ဓသာသနပါလက အဖွဲ့ ဥက္ကဌ
ဦးတင်အောင်၏ အသိပေးမှုကြောင့် ဧပြီ
( )တွင် မင်းတပ်ဆေးရုံ၌ ဆရာဦးဟန်လင်း လည်ချေင်းကင်ဆာဖြင့် ကွယ်လွန်သွားကြောင်း သိရပါသည်။
သူနှင့်ပတ်သက်လို့ မှတ်သားဖွယ် အချို့ ရှိပါသည်။
ပထမ အချက်မှာ… ပညာရေးနှင့်ပတ်သက်ပြီး ထူးချွန်ထက်မြက်သော
မျိုးဆက်တစ်ခုကို စတင်လျှောက်လှမ်းနိုင်ခဲ့သူဖြစ်သည်။ သူသည် ၁၉၈၂-တွင် မဟာဝိဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇာဘွဲ့(သမိုင်း)ကို
ရခဲ့သူဖြစ်ရာ ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် မင်းတပ်ဇာတိဖွား ချင်းလူမျိုးများ အနက် ပထမဆုံး မဟာဝိဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္ဇ္စ္ဇာ
ရသူဟုဆလိုင်းကီးလဲအွမ်က မှတ်တမ်းပြုသည်။ရန်ကုန်တကသိုလ် ၊ ဒေသကောလိပ် အမှတ်(၁)နှင့်
အမှတ်(၂)တို့တွင် နည်းပြဆရာ လုပ်ခဲ့၏။ တက္ကသိုလ် ချင်းဆရာများအနက် ဆလိုင်းအမည်ကို ပထမဦးစွာ
ခံယူဝံ့ခဲ့သူဖြစ်၏။ လူထုဆက်သွယ်ရေး အတတ်ပညာဌာနတွင် အတွင်းရေးမှုးအဖြစ် တာဝန်ပေးအပ်ခြင်း
လည်း
ခံခဲ့ရ၏။ သို့သော် ဝန်ထမ်းဘဝ၌ မကြာမြင့်လှပေ။ မထင်မှတ်သော လောကဓံမုန်တိုင်းကြောင့်
နားခဲ့ရသည်။
ဒုတိယအချက်မှာ
… ချင်းအမျိုးသာရေးနှင့် နိုင်ငံရေးတွင် စွမ်းသလောက် ပါဝင်ခဲ့ခြင်းဖြစ်ပါ၏။ မော်လမြိုင်ဒီဂရီကောလိပ်ကျောင်းသားဘဝကတည်းက ယခင်မရှိခဲ့ဖူးသော ချင်းတိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုကော်မတီကို ဦးဆောင်ဖွဲ့စည်းကာ အတွင်းရေးမှုးအဖြစ်လည်းကောင်း၊အမှုဆောင် အဖြစ်လည်းကောင်း
ပါဝင် လှုပ်ရှားခဲ့သည်။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်
ဗဟိုအမှုဆောင် (ကန်ပက်လက်မြိုနယ် ဥက္ကဌ
)အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၀-ပြည့် မြန်မာနိုင်ငံ
ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ်မှ ဝင်ရောက်
အရွေးခံရန်ကြိုးစားခဲ့၏။ သို့သော် အကြောင်းအမျိုးမျိုးကြောင့်
ရွေးကောက်ပွဲ မဝင်ဖြစ်ခဲ့ပေ။ ဦးစံခင်က ချင်း…အဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်၏။
မဲပြန့်သွားမှုကြောင့် ပါတီ ၄-ခု ဝင်ရောက်ရာ၊ တစည မှ ဦးလိန်းဟာက ပွတ်ကာသီကာ မဲအနည်းငယ်
အသာဖြင့် နိုင်သွားခဲ့သည်။
တတိယအချက်မှာ
… စာပေရေးသားမှုစွမ်းရည် နှင့် ဟောပြောသင်ပြမှု စွမ်းရည် မြင့်မားခြင်း ဖြစ်သည်။ ချင်းအမျိုးသားရေးဆိုင်ရာ
အတွေးအခေါ်သစ် ဆောင်းပါးများနှင့် ချင်းဓလေ့ထုံးတမ်းဆိုင်ရာ သုတေသနဆောင်းပါးများကို ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီ
(တက္ကသိုလ်များ -ရန်ကုန်)ထုတ် ချင်းမဂ္ဂဇင်းများတွင်
ရေးသားခဲ့သည်။ ဆောင်းပါး အရေအတွက် ၂၀-ခန့်လောက်သာ ရှိသော်လည်း ရှည်လျားပြည့်စုံစွာ ရေးသားထားသဖြင့်
နောင်လာနောက်သားများ ကိုးကားနိုင်၊ ကျင့်သုံးနိုင်လောက်သည့်စာမူများဖြစ်သည်ဟု ပညာရှင်များ
မှတ်ချက်ပေးကြသည်။
ဥပမာ…
“ချင်းအားလုံးအတွက် ညီညွတ်ရေးလမ်းစဉ် ၂-ခု” ဆောင်းပါးတွင် မျိုးနွယ်စုမတူသူများ၊ဒေသမတူသူများ
အပြန်အလှန် ရောနှောလက်ထပ်ခြင်း(cross marriage)ကို ကျင့်သုံးဖို့ နှိုးဆော်တိုက်တွန်းခဲ့သည်။
ယခုအခါ ထိုသို့ လက်ထပ်မှုမျိုး အတော်များများတွေ့လာရသည်။
အခြား
တချက်မှာ ဘုံစာပေဖေါ်ထုတ်ရေးဖြစ်သည်။(ချိုတို့ အချင်းချင်းစစ်ခင်းပုံ)နှင့် (သစ်စာဆိုရွေ့
တရားဆိုင်သော ချိုချင်းများ) ကဲ့သို့သော ဆောင်းပါးများမှာ စာပေ သို့မဟုတ် ဥပဒေဖြင့်
သတ်မှတ်ခြင်းမပြုစေကာမူ၊ အဆင့်မြင့်သော ခမ်းနားသော၊
တိကျသော ချင်းတို့၏ဥပဒေထုံးတမ်းနှင့် တွေးခေါ်ယူဆပုံများကို ဖေါ်ထုတ်ပြခဲ့၏။ ဖေါ်ထုတ်ရာတွင်လည်း
ခန့်ငြားလေးနက်သော အရေးအသားများဖြင့် တင်ပြလေ့ ရှိသည်။
ထုတ်ဝေသူ
တို့က ချင်းမဂ္ဂဇင်းတစ်အုပ်ထဲတွင် ဦးဟန်လင်း၏ဆောင်းပါး ၁-ခုထက် ပိုပြီး ထည့်သွင်းလိုကြသဖြင့်
ကလောင်ခွဲများ သုံးခဲ့ရသည်။ကလောင်ခွဲများမှာ
ဆလိုင်းဟန်လင်း၊ ဆလိုင်းဓူဝံနီ၊ ဆလိုင်းဗွေမဏ်၊ မိုင်မင်ရီဟိုင်း၊ ပြည်ထောင်စုကိုကို
တို့ဖြစ်၏။ သူ၏ MA ဘွဲ့ယူကျမ်းမှာ (ချင်းတောင်၏ နိုင်ငံရေးသမိုင်းကျမ်း၊ ၁၉၄၈-၁၉၆၂)
ဖြစ်သည်။ အရေးအသားပိုင်းတွင် သာမက ၊ အကြောင်းအရာပိုင်းတွင်ပါ အထူးကောင်းမွန်သည်ဟု အချို့က
မှတ်ချက်ပေးကြသည်။
စတုတ္ထအချက်မှာ…
ချင်းဗုဒ္ဓ္ဓဘာသာ လူငယ်မျိုးဆက်များကို တိုက်ရိုက်အားဖြင့်
ဖြစ်စေ၊ သွယ်ဝိုက်သောအားဖြင့် ဖြစ်စေ အတတ်နိုင်ဆုံး မွေးထုတ်ပျိုးထောင်ခဲ့ခြင်းဖြစ်သည်။
ဦးဟန်လင်း၏
အမည်မှာ ချင်းအသံထွက် အနေဖြင့် ဟုန်းလိန်းဖြစ်သည် ။ ကျေးဇူးရှင် ဆရာဘုန်းကြီး ဦးနန်ဒမာလာက
ချင်းအမည်လည်း မပျောက်ရလေအောင် ၊ ဗမာလိုလည်း အဓိပါယ်ရှိရလေအောင် အသံ ဖလှယ်ကာ ဟန်လင်းဟု
မှည့်ခေါ်ခဲ့သည်။ ဦးဟန်လင်းသည် ညီ၊ညီမများကိုလည်း ထိုနည်းအတိုင်း မှည့် ခေါ်ခဲ့ရာ ထန်းလိန်းကို
ထိန်လင်း၊နိုင်းလိန်းကို နေလင်း ၊ အောင်လိန်းကို အောင်လင်း၊ ရွှီလိန်းကို ရွှေလင်း၊ အွဲသာလိန်းကို
အေးမာလင်း၊ တီးသာလိန်းကို သီတာလင်း၊ လိုင်းသာလိန်းကို လှိုင်ဝါလင်းဟု မှည့်ခေါ်ပေးခဲ့သည်။
ဦးဟန်လင်းကို
ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်၊ ကျောက်စစ်ချောင်းတိုက်နယ် (အမှတ် ၅ တိုက်နယ်)၊ ထန်းအောင်ကျေးရွာ၌
၁၉၅၁-တွင် အဖ ထန်းအောင်ရွာသူကြီး တောင်သူကြီး ဦးလိန်းနိုင်း၊ အမိ ဒေါ်လှုးဟုန်းတို့မှ
ဖွါးမြင်သည်။မွေးချင်းပေါင်း ၉-ဦးရှိရာ ၊ ကျား(၅)ဦး ၊ မ(၄)ဦး ဖြစ်သည်။ သူသည် ဒုတိယမြောက်
မွေးဖွါးသူဖြစ်ပြီး၊ သားယောက်ကျားများတွင် အကြီးဆုံးဖြစ်သည်။
ယခုစာရေးသော
ဧပြီ၇၊ ၂၀၁၄ တိုင်အောင် ဖခင်ကြီးဦးလိန်းနိုင်းနှင့် ငယ်ဆရာတော် ဦးနန္ဒ္ဒမာလာတို့ မှာ အသက်
၈၀-ကျော်စီရှိကာ သက်ရှိထင်ရှား ရှိနေကြ၏။ မိခင်ကား ၁၉၉၂-တွင် ကွယ်လွန်ခဲ့ပြီ။ သူ ကွယ်လွန်ချိန်တွင်
ညီ(၃)ဦး၊ ညီမ(၂)ဦး သက်ရှိ ကျန်ရစ်၏။ရွာနီးချင်းစပ် မကြားကျေးရွာသို့ ပထမဦးဆုံး ကြွရောက်လာသော တောင်တန်းသာသနာပြု
ဆရာတော် ဦးနန္ဒမာလာသည် ၁၉၅၈ မှ ၁၉၆၁ ထိ ၃-နှစ် သာသနာပြုခဲ့၏။ထို မတိုင်မီက ကျင်ဒွေးဒေသတွင်လည်း ၃-နှစ် သာသနာပြုခဲ့ရာ စုစုပေါင်း
၆-နှစ်ဖြစ်၏။ဆရာတော်သည် မကြားရွာနှင့် အခြား ၅-ရွာရှိ ကလေးများကို မူလတန်းပညာ သင်ပေးရာ
အရွယ်ငယ်သော်လည်း ဥာဏ်ပညာ ထူးချွန်ထက်မြက်သော ကလေးငယ်ဟုန်းလိန်းကို အထူး သဘောကျသည်။
အောက်ပါ
ဖေါ်ပြချက်များသည် ကင်ဆာဝေဒနာခံစားနေရစဉ်အတွင်း ဦးဟန်လင်းနှင့် သူ၏ညီထွေး ဆလိုင်းရွှေလင်းတို့Emailဖြင့်၊
စာပေးစာယူပြုကြရာ သူ၏ရှေးဟောင်း နှောင်းဖြစ်များကို ၁၂-၁၂-၂၀၁၃ နေ့စွဲဖြင့် ရေးသားပေးခဲ့သော စာမှ ကောက်နှုတ်ချက်များ
ဖြစ်၏။ ပြည့်စုံမှု မရှိပါ။ သို့သော် ဝေဒနာကို ရင်ဆိုင်ရင်း သူအမှတ်ရသလောက်ကို မှတ်တမ်းအဖြစ်
ရေးသားပေးခဲ့ခြင်းဖြစ်၏။
X X X X
ဆရာတော်ဦးနန္ဒမာလာ အထံ၌ ၁၉၅၈ မှ ၁၉၆၁
-အတွင်း အခြားသော ကျောင်းသူကျောင်းသားများနှင့် အတူ ပညာရင်နို့သောက်စို့ခဲ့ရာ ဘာသာစုံ၌၄င်း၊အတန်းတိုင်း၌၄င်း
ပထမချည်း ရရှိခဲ့သည်။ဆရာတော်သည် ယခုအခါ မော်လမြိုင်မြို့၊
ရွှေတောင်ရပ်၊ တောင်ရိုးတန်း၊ဓမ္မပါလကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော်အဖြစ် သက်ရှိထင်ရှား သီတင်းသုံးလျက် ရှိပါသည်။ အင်္ဂလိပ်စာ
အပါအဝင် ဘာသာစုံ၌ ထူးချွန်မှု၊ အတန်းတိုင်း၌ ပထမချည်းရမှု၊ အမိန့်နာခံမှု၊ စည်းကမ်းရိုသေမှု၊
ကိုယ်ကျင့်တရားကောင်းမှုတို့ကြောင့် မောင်ဟုန်းလိန်းကို ဆရာတော်က အထူးပင် မြေတောင်မြှောက်
ပေးလိုပါသည်။ ၄င်းဆရာတော်ထံ၌ စတုတ္ထတန်းအောင် မြင်သည်။
၁၉၆၂-အကူးတွင် မည်သူမဆို သတ္တမတန်းကိုအလွတ်ဖြေဆိုနိုင်သည်၊
အောင်ပါက ‘မူပြ’ ဆရာ
ရမည်ဟု ပညာရေးဌာနက ထုတ်ပြန်သောကြောင့် အသက် ၁၀-နှစ်သား
ဟုန်းလိန်းအား သတ္တမတန်းကို
ကန်ပက်လက်မြို့၌ ဆရာတော်က ဝင်ဖြေစေသော်လည်း ရှုံးခဲ့သည်။
၁၉၆၂-၆၃ တွင် မင်းတပ်မြို့ အ-ထ-က ၌
ပဉ္စမတန်းကို သင်ကြားအောင်မြင်သည်။ပညာရည် အထူးချွန်ဆုံး
အဖြစ် အသိအမှတ်ပြုခံရသည်။ ၁၉၆၃-မတ်လတွင်ဟုန်းလိန်းမှ
ဟန်လင်းသို့ အမည်ပြောင်းသည်။
၁၉၆၃-၆၄ တွင် ထားဝယ်မြို့ အထက(၁)၌ ဆဌမတန်းကို သင်ကြားအောင်မြင်သည်။အတန်းခွဲ
(ဃ)၌
ပညာသင်ကြားခဲ့ရပြီး မသက်နှစ် ၊ မသိန်းသိန်း၊ မအေးလှ၊ မတင်စိန်တို့နှင့်
ခင်မင်ရင်းနှီးခဲ့ရသည်။အတန်းတင်၌ ဒုတိယ ရသည် ၊ မူးရစ်ကလေး အထကသို့ ဆုပစ္စည်းများ ပေးပို့သည်။ထိုစဉ်က
အထက(၁)ကို မင်းကြီးဝမ်းကျောင်းဟု ခေါ်သည်။
၁၉၆၄-၆၅ တွင် မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊
ချောင်းဆုံမြို့နယ်၊ မူးရစ်ကလေး အ-ထ-ကသို့
ပြောင်းရွှေ့ကာ သတ္တမတန်း သင်သည်မှ ငါးနှစ်တာ ကာလအတွင်း ထို အ-ထ-က၌ နေခဲ့ပြီး၊ကျွန်တော် မရောက်မီက အမြဲ ပထမ
ချိတ်သည်ဆိုသော မွန်အမျိုးသမီး ကော့ကဋိုက်ရွာသူ မသိန်းတင် (မွန်မွန်ရည်ရည်ဖြစ်ပြီး
မုဆိုးမအမိက ကျောင်းထားသူ) နှင့်ဆုံစည်းပညာပြိုင်ရာ အနိုင်ပင်ရခဲ့သည်။ ၁၉၆၆-၆၇ တွင်
HIGH SCHOOL FINAL ဟုဆိုသော တန်းမြင့်ကျောင်းထွက်စာမေးပွဲ(နောက်ဆုံးနှစ်)ကို ရှားပါးစွာ
အောင်မြင်သူများတွင် အပါအဝင် ဖြစ်ခဲ့သည်။၁၉၆၉-၇၀
တွင် အခြေခံပညာအထက်တန်း အောင်လက်မှတ်(က) ကို
ရရှိပြီး မော်လမြိုင်ကောလိပ်သို့ တက်ကာ ဝိဇာဘွဲ့ အောင်မြင်သည်။၁၉၇၄-တွင် မဟာဝိဇာနောက်ဆုံးနှစ်အပိုင်း(က)
ကို တက်ရောက်ပြီး စာမေးပွဲ အောင်မြင်သည်။ ကျမ်းပြုစုရမည့် ထက်ဝက်တာဝန်ပြီးဆုံးကြောင်း
ဂဇက်ကို ၁၉၈၀-ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် မော်ကွန်းထိန်းရုံးမှ ထုတ်ပြန်ခဲ့ပြီး၊ ၁၉၈၂-
ခုနှစ်၌ ဘွဲ့လက်မှတ် ပေးအပ်ခဲ့သည်။
မော်လမြိုင်ကောလိပ်၌နေစဉ်တွင် ချင်းစာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီကို
ပထမဆုံး စတင်တည်ထောင်ပြီး၊ အတွင်းရေးမှုးလုပ်ခဲ့သည်။ဒုတိယနှစ်၌ ၄င်းကော်မတီ၌ အမှုဆောင်၊တတိယနှစ်၌
အမှုဆောင်၊ စတုတ္ထနှစ်၌ အတွင်းရေးမှုး လုပ်ခဲ့သည်။ နှုတ်မှုပညာအသင်း အမှုဆောင်အဖြစ် မော်လမြိုင်သား
ကိုသန်းဌေးတို့နှင့်အတူ လုပ်ခဲ့သည်။ (သေမင်းကို စိန်ခေါ်သည်) ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ
ကျောင်းသူ ကျောင်းသား အများပင် တက်ရောက်ခဲ့သည်။ကိုသက်ခိုင်တို့နှင့်အတူ ကျားကစားအသင်း
အမှုဆောင်ဖြစ်ခဲ့သည်။ သမိုင်းအမှုဆောင် အဖြစ် ကိုစိုးညွန့်ဝင်းတို့နှင့်အတူ တင်မြှောက်ခံခဲ့ရသည်။
မော်လမြိုင်ကောလိပ်၏ အခမ်းအနားမြောက်မြားစွာ၌
ပါဝင်ဆင်နွှဲခဲ့သည်။ အမှတ်(၃) တက္ကသိုလ် လေ့ကျင့်ရေးတပ်သို့ ဝင်ရောက်ခဲ့ပြီး ၂၂-၉-၇၀
မှ၂၅-၈-၇၄ ထိ သင်တန်းကို အောင်မြင်ခဲ့သဖြင့် သင်တန်းဆင်းလက်မှတ်ကို ၁၉၇၄ စက်တင်ဘာလ
၂၁-တွင် ရခဲ့သည်။
ရန်ကုန်လုပ်သားကောလိပ်၊ဒေသကောလိပ်(၁)၊
ဒေသကောလိပ်(၂)တို့တွင် နည်းပြဆရာ လုပ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်၊ ချင်းမဂ္ဂဇင်း၌ ချင်းလူမျိုးအကျိုးပြု
ဆောင်းပါးများ ရေးသားခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ (ခ-စ-ယ) က ပထမဆုံးထုတ်ဝေသော ခေါနူးသုမ်
သို့မဟုတ် ဇလပ်နီလက်ကမ်းစာစောင် ထုတ်ဝေရေး၌ ဥက္ကဌလုပ်ခဲ့သည်။ အတွင်းရေးမှုးမှာ ဆလိုင်းရမ်လိန်မှုန်းဖြစ်သည်။
ချင်းလူမျိုးညီညွတ်ရေးကို ရှေးရှုပြီး
ဒေသအစွဲမရှိသည့် (ဆလိုင်း၊မိုင်)လက်ခံရေးကို ဦးဆောင်လမ်းပြခဲ့ပြီး တစ်သဘောတည်းဖြစ်ကြသော
ဆလိုင်းရမ်လိန်မှုန်း(ဖလမ်း)၊ ဆလိုင်းကျင်ဇပေါင်၊ ဆလိုင်းထောင်းလွယ်မန်းတို့နှင့် လက်တွဲလျက် တက္ကသိုလ်ဆရာများ နာမည်မခံဝံ့သော (ဆလိုင်း)ကို
ပထမဆုံး အမည်ခံဝံ့သူ ဖြစ်လာသည်။
၁၉၇၇တွင် မဆလပါတီ၊ ပါတီဗဟိုကော်မတီဝင်အဖြစ်
ဆရာမကြီးဒေါ်နီနီမြင့် (ဗိုလ်ချုပ်ကြီးနေဝင်း၏အမျိုးသမီး)က လျာထားရန် အဆိုပြုသည်ကို
ငြင်းပယ်ခဲ့သည်။ မကြာမီတွင် ဦးလိန်းဟာ ပါတီဗဟိုကော်မတီဝင် ဖြစ်သွားသည်။ ၁၉၇၇-တွင်ပင်
ကန်ပက်လက်မြို့နယ်၊ပြည်သူ့ကောင်စီ၌ အတွင်းရေးမှုးသွားလုပ်ရန် ၂၁ ၊ ဝင်ဒါမီယာနေ သခင်အောင်မင်း
(ဦးကီးဖေလိန်း)နှင့် သူ့သား မ-ဆ-လ ဗဟိုကော်မတီဝင် ဦးဖေလိန်းမောင်းတို့က ၃ ၊၄ ခါ ခေါ်ပြောသည်ကို
ငြင်းပယ်ခဲ့သည်။
၎င်း ၁၉၇၇-ခုတွင်ပင် အင်္ဂလန်နိုင်ငံမှ
sociology လူမှုဗေဒပညာသင်ရန် ပညာတော်သင် ခေါ်ကြောင်း၊ အသက် ၂၅-နှစ်အောက် ဖြစ်ရမည်၊မဟာဝိဇ္ဇာ
ရေးဖြေ အောင်ရမည်၊ အင်္ဂလိပ်စာတော်ရမည် ဆိုသော စည်းကမ်း ၃-ချက်သာထားကြောင်း၊ (……့) နှင့်
(…) တို့မှာ စည်းကမ်း ၂-ချက်နှင့်ညီသော်လည်း
အင်္ဂလိပ်စာ မတော်ကြောင်း၊ မင်းကို ၄ ၊ ၅ နှစ် ပညာသင်ပေးဖူးတဲ့
ဆရာ၊ ဆရာမတိုင်းက မင်း အင်္ဂလိပ်စာတော်တယ်လို့ ပြောကြတာဟာ ငါ့သဘောနှင့် ကိုက်ညီကြောင်း၊သို့ဖြစ်ရွေ့
မင်း ပညာတော်သင်သွားရမှာမို့ လိုအပ်တာပြင်ထားပါဟု
သမိုင်းပါမောက္ခ ဦးတင်အုန်းက ပြောသဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြန်ကြားခဲ့သည်။
သိပ်မကြာခင် အစီအစဉ် ပျက်သွားကြောင်း ပြန်သိရသည်။
“ပါတီဗဟိုကော်မတီဝင် မဖြစ်ရတာရော၊ မြို့နယ်ကောင်စီဝင်
မလုပ်ရတာရော အခုထိ ပြန်ပြီးနောင်တ မရဘူး၊ ဒီမိုကရေစီရဲ့ မိခင်မြေဖြစ်တဲ့ အင်္ဂလန်နိင်ငံမှာ
လူမှုဗေဒပညာတော်သင် မသွားလိုက်ရတာကို နှမြောလွန်းအားကြီး လို့ အခုထိ တသသ ဖြစ်တုန်းဖြစ်ဆဲပါ။”
မဟာဝိဇ္ဇာအောင်ပြီးနောက် ဇာတိရပ်ရွာသို့ပြန်သွားကာ
ထေရဝါဒဗုဒ္ဓ္ဓသာသနာ ထွန်းကားစေရေး၊ နှစ်ရှည်ဥယျာဉ် သီးနှံပင်များ စိုက်ပျိုးရေး။
လှေကားထစ်များ တူးဖေါ်ရေး၊ ကလေးများစာပေ သင်ကြားရေးတို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သည်။
ဆောမြို့နယ်၊ ယောဘုရားကြီးဂေါစရဂါမ် ၅၃-ရွာထဲသို့ပါဝင်ပြီးဗုဒ္ဓ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း
ဆောက်လုပ် လှုဒါန်းနိုင်ခဲ့သည်။ သို့သော်လည်း
၁၉၉၉-ခု၊ မတ်လ ၂၆-ရက် သောကြာနေ့တွင် ရှို့မီးကြောင့် မီးလောင်ပြာကျ သွားခဲ့သည်။
၁၉၈၅-ခုနှစ်တွင်
တောင်တန်းသာသနာပြုဌာနမှ ဆရာတော်ဦးစန္ဒမာလာကို
လွှတ်ပေးပြီး ဌာနတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။
ထို့နောက်တွင် ဦးဝိဇ္ဇောဘာသဆရာတော် (နောင်တွင်
ကန်ပက်လက်မြို့ ၊ ဗဟိုကျောင်းထိုင်ဆရာတော်ဖြစ်သွားသူ၊)
ဦးအရိယာဝံသတို့ သီတင်းသုံးခဲ့ကြသည်။ယခု
အခါ အကြောင်းအမျိုးမျိုးကြောင့် သာသနာပြုဘုန်းကြီး
မရှိတော့ချေ။ ၁၉၈၆-တွင် အ-မ-က ရရှိခဲ့သည်။
လှေကားထစ်များစွာ တူးဖေါ်ခဲ့သော်လည်း
ယခုအခါ ကောကုန်ပြီ။ နှစ်ရှည်သီးနှံပင်များ အံ့သြဖွယ်ရာ စိုက်ပျိုး
အောင်မြင်ခဲ့သော်လည်း (သယ်ယူပို့ဆောင်ရေး
အခက်အခဲကြောင့်) ယခုအခါ စိတ်ပျက်ကုန်ကြပြီ။
SOLIDARITIES
INTERNATIONAL ၏ပံ့ပိုးမှုဖြင့် ရွာလုံးကျွတ် ကာဖီပင်စိုက်ပျိုးကြရန် ခေါင်းငြိမ့်ကြသော်
လည်း အောင်မြင်မည်ဟုကား တထစ်ချ မဆိုရဲပါချေ။
ထေရဝါဒ ဗုဒ္ဓ္ဓသာသနာကို အထူးပင် ယုံကြည်ကိုးကွယ်
လိုကြပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဗုဒ္ဓ္ဓသာသနာ အမြစ်တည်ရန်မလွယ်ကူတော့ပါ။
X X X X
ဦးဟန်လင်းဆုံးသောအခါ
ဇနီးဒေါ်ရှင်းဘာနိုင်းနှင့် ဒေါ်ငှိန်းသာထန်း တို့ ကျန်ရစ်သည်။ သမီးကြီး
မလှုးဟုန်း၊သား မောနင်းစတား၊သမီးနန်းစံရွှေရည်တို့
ရှိသည်။ မြေး (၇)ဦး ရှိသည်။ အလောင်းကို မင်းတပ်
ဆေးရုံမှ ထန်းအောင်ရွာသို့ ပြန်သယ်သွားကြကာ
ချင်းထုံးစံအတိုင်း အသုဘခံ မီးသင်းဂြိုလ်မည်ဟု သိရပါသည်။
(ဓာတ်ပုံများ - ဦးဟန်လင်း၏ မူရင်း လက်ရေး၊ ဦးဟန်လင်းကို လည်ပင်း ဖေါက်ထားလျက်
၂၀၁၃ နိုဝင်ဘာလကုန်ပိုင်း၌ တွေ့ရပုံ)